သူမအနားမှာ နေရမယ်တဲ့။။။။
ကျမလက်ခံသင့်လား။ ရင်းနှီးကာစ ကျမတို့ဆက်ဆံရေးကို အရောင်မဆိုးချင်ဖူး။ သူမအနားရောက်သွားရင် ရင်ခုန်သံတွေက ထိန်းလို့ကိုမရတာ။ သူမက တည်ငြိမ်သလောက်လေ။
သူမ ကလေးဆန်တဲ့အချိန် လီလီရေ လို့ ခေါ်တာလေး တကယ်သဘောကျတယ်။။ အလုပ်ကstressများပုံဖဲ ။ကျမကို တွေးပေးထားတာမို့ လက်ခံလိုက်တယ်။ သူမအနားရှိခွင်နေခွင့်ရရင် ဘ၀က ပျော်စရာဖဲမလား။အရောင်စုံပီး အဝါဘက်ရောက်တဲ့ရေစိုရှပ်အင်္ကျီကို ဆင်တူ၀တ်ပီး shopping mallတွေပတ်တယ်။ချယ်နဲ့ဂျီဆူးလဲပါတယ်။ ဂျီဆူးက အိုက်တင် သင်ပေးပီး ချယ်က ပုံလိုက်ရိုက်ပေးတယ်။
နားကွင်း ကြီးကြီး၀တ်ပီး မျက်လုံးကိုsmokey eyesချယ်ထားတယ်။ ဦးထုပ်အဖြူရောင်နဲ့ ကျမရဲ့အရပ်မြင့်မားမှုကြောင့် မော်ဒယ်တစ်ယောက်လိုဖြစ်နေမှာပါ။ ကျမ ဘေးက ကလေးသေးသေးကတေ့ာ ceoတဲ့။ဆံပင်အလယ်ခွဲကိုမှ ကလစ်သေးသေးအရောင်လက်လက်လေးတွေ တစ်ဖက်တစ်ချက်စီပန်ထားတယ်။ ရေခဲမုန့် ကိုင်ပီးစားရင်းက သူမနူတ်ခမ်းမှာပေနေတဲ့အစအနလေးတွေသုတ်ပေးလိုက်တယ်။ ချယ်က အသေးစိတ်ကအစ မှတ်တမ်းတင်ထားတာ။
Group photoတင်ပီး ကျမတို့နှစ်ယောက်ပုံလေးတွေတင်လိုက်တယ်
Friendship💓ဆိုတဲ့captionနဲ့ဖဲပေါ့။။။။
။။။။။။။။"မမ"
လီဆာက ခုနောက်ပိုင်း ကျမကို မမလို့ ခေါ်တယ်။ ရင်းနှီးလာတာကြောင့်ပျော်ပေမဲ့ စည်းတွေဘောင်တွေလဲရှိသေးတယ်မလား ဒီကြားထဲ opaကပါပြောထားတာတွေရှိတေ့ာသတိထားရတယ်
Media တွေက အရမ်း သဘောကျနေတာတဲ့။ ကိုရီးယားဌာနတစ်ခုလုံးရဲ့ပင်တိုင် မော်ဒယ်အနေနဲ့
စတင်ခဲ့ တာ အခုဆို လီဆာ အနုပညာသက်တမ်းတောင် ၂နှစ်ရှိပီ။မန်နေဂျာအနေနဲ့ ဂျီဆူးက ကူညီပေးတယ် ။ သူတို့ဆိုင်ကို ဂျီဆူးမိဘတွေရောက်လာပီး သောင်းကျန်းတာနဲ့ ပိတ်လိုက်တယ်။ ချယ်က လုပ်ငန်းတွေမှာရှယ်ယာ၀င်ထားတယ် ။ ဂျန်ဆီမှာရင်းနှီးမြှုပ်နှံတာလဲ ရှယ်ယာရှင် အများဆုံးထဲပါတယ်။ သူချစ်သူဂျီဆူးနဲ့မခွဲချင်ဖူးဆိုလို့ နှစ်ယောက်တွဲပီး လီဆာကိုစောင့်ရှောက်ဖို့ထားရတယ်။