"ကိုနော် မနေ့က ကိုဘယ်သွားခဲ့တာလဲ။ ခင့်သူငယ်ချင်းက ကို့ကို ကောင်မလေးတစ်ယောက်နဲ့တွေ့တယ်တဲ့"
"ခင်လေးကလဲ ကိုက ဒီတိုင်း ရှော့ပင်းထွက်တာပါ။ တစ်ကယ်ပြောတာ ကိုမလိမ်ဘူး။ ခင့်သူငယ်ချင်း လူမှားတာဖြစ်မှာပါ။ ကို တစ်ကယ် တစ်ယောက်တည်းသွားခဲ့တာ။ အမေ့မွေးနေ့အတွက် သွားဝယ်တာ။ ကို ဘယ်မိန်းကလေးနဲ့မှ မရှုပ်ဘူး။ ကိုက ခင်တစ်ယောက်တည်းကိုပဲချစ်တာ"
"ဟွန့် ပြီးရော။ ကို့ကို ယုံလိုက်မယ်"
"ဒါပေါ့။ ကို့မှာ ခင်တစ်ယောက်တည်းချစ်တာ"
ခုနက ပြောနေသူကတော့ တက္ကသိုလ်မှာ စီးပွားရေးမေဂျာက ပထမနှစ်ပဲရှိသေးပေမဲ့ မသိသူမရှိအောင် ကျော်ကြားနေတဲ့ ထက်လင်းအာကာ ဆိုတဲ့ playboy တစ်ယောက်ပဲ ဖြစ်ပါသည်။ ကျောင်းစဖွင့်ထဲက အခုထိ သူနဲ့မအိပ်ဖူးတဲ့သူများကို လက်ချိုးရေလို့ရသည်။ အစထဲက bisexual လို့ခံယူထားတော့ မိန်းကလေးပါမက ယောက်ျားလေးချောချောလေး တွေ့ရင်လဲ လိုက်လေသည်။ အာကာမှာ မိဘဆီက အမွေရထားသော ရုပ်ချောလေးရှိနေတော့ တော်တော်များများက playboy သိပေမဲ့လဲ အာကာ့မျက်လုံးများမှ လှည့်စားမှုကို အလွယ်တကူ ယုံကြလေသည်။ အာကာကို မငြင်းရက်တာမဟုတ်၊ မငြင်းနိုင်သာ ဖြစ်လေသည်။
________________________________________
မောင်မယ်ပွဲကတော့ အဆင်ပြေ ချောမွေ့စွာနဲ့ ပြီးဆုံးသွားလေသည်။ အားလုံးထင်တဲ့အတိုင်း တစ်ကျောင်းလုံးရဲ့ King ဂုဏ်ပုဒ်ကိုတော့ ကျောင်းရဲ့အချောဆုံးနဲ့ နာမည်အကြီးဆုံး ထက်လင်းအာကာကပဲ သိမ်းပိုက်သွားလေသည်။အခုက ပွဲပြီးသွားပြီဆိုတော့ ကျောင်းသားကျောင်းသူများအတွက် ပါတီပွဲ ပြင်ဆင်ထားလေသည်။ ထက်လင်းအာကာကတော့ ဂုဏ်ပုဒ်နဲ့အညီ စင်ပေါ်ကဆင်းလိုက်တာနဲ့ လူအုပ်တစ်သိုက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေလေသည်။
အာကာ လက်မှတ်ထိုးရင်း ဓာတ်ပုံရိုက်ရင်း ရုတ်တရက် သီချင်းသံချိုချိုလေးက နားထဲ တစ်ဟုန်ထိုးဝင်လာလေသည်။ အာကာ ကိုင်ထားသော ဖုန်းကို တစ်ခဏတာ အောက်ချလိုက်ပြီး အသံလာရာအရပ်သို့ လှည့်ကြည့်လိုက်သည်။ စင်ပေါ်တွင် မိုက်ကိုကိုင်ကာ ချောမောစွာ သီဆိုနေသော ထိုအသံပိုင်ရှင်ကို ရှာတွေ့တော့ မျက်လုံးက ထိုသူ့ထံမှ နေရာမရွေ့တော့ပဲ စက္ကန့်ပေါင်းများစွာကြာအောင် ရပ်ကြည့်နေမိသည်။
YOU ARE READING
Totally (Not) Forced to love you
RomanceBisexualဖြစ်ပြီး တစ်ကျောင်းလုံးရဲ့ King ထက်လင်းအာကာမှာ playboy တစ်ယောက်အနေနဲ့ အရမ်းဗွေခဲ့ပြီးခါမှ music major ကအသံနဲ့ဖမ်းစားခဲ့တဲ့ ရန်ရှင်းသန့်ပိုင်ကို မြင်မြင်ချင်းချစ်မိသွားတော့ အပိုင်သိမ်းဖို့ပဲတွေးတာပေါ့ ဒါပေမဲ့ သူထင်သလိုဖြစ်လာခဲ့လား...?