Chapter 15: လေးအတတ် ပြိုင်ပွဲ/ ေလးအတတ္ ၿပိဳင္ပြဲ

1K 136 2
                                    

နောက်ရက်တွေမှာ၊ Bai Sun နဲ့ သူ့နားက မိန်းမငယ်တစ်သိုက်ကို ထိပ်တိုက်မတွေ့မိစေဘဲ ရှောင်ရှားသွားနိုင်ဖို့ ငါ စီစဥ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ငါ့ပြိုင်ပွဲရဲ့ ပထမဆုံးနေ့မှာ​တော့ ဒီလူတသိုက်ကို ငါ ရှောင်ဖယ်သွားလို့ မရနိုင်ခဲ့ဘူး။ မြှားပစ်ကွင်းထဲ ငါဝင်လိုက်တဲ့ အချိန်မှာပဲ၊ လူတွေက Yun ကို သတိပြုမိသွားကြတယ်။ အဖြူရောင်မြင်းတွေက ရှားပါးပြီးတော့၊ Bai မိသားစု တခုတည်းကသာ ဒီရှားပါးမြင်းဖြူတွေကို မျိုးဖောက်နိုင်တယ်ဆိုတာ လူတိုင်း သိခဲ့ကြတယ်လေ။ သူတို့ရဲ့ နာမည်ကျော် အဖြူရောင်မြင်းတွေကို Bai မိသားစုက ရောင်းခဲပြီးတော့၊ တကယ်လို့ ထုတ်ရောင်းခဲ့ရင်တောင် စျေးက အမြဲမြောက်နေသည်သာပင်။ Yun ကို တွေ့လိုက်ကြတဲ့အခါ၊ Bai မိသားစုဝင် မဟုတ်တဲ့ အပြင်ဘက်က မိန်းမငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ရှားပါးမြင်းကောင်းတစ်ကောင်ကို ပိုင်ဆိုင်နေသလဲဆိုပြီး လူတွေက ထင်ကြေးအမျိုးမျိုးပေးနေကြကုန်တယ်။

" ကန်းနေတဲ့ မြင်းတစ်ကောင်အကြောင်းကို ဘာများ စကားကောင်းပြောစရာရှိနေလို့လဲ? " Bai Xiao Xue က ငါ့ကို လှောင်ပြုံး ပြုံးနေခဲ့တယ်။ " ဟမ့်၊ နင့်မိသားစုကဖြင့် Bai မိသားစုဆီကနေ ဒုက္ခိတ မြင်းတစ်ကောင်ကို ဝယ်ဖို့လောက်ပဲ တတ်နိုင်တာကိုး။ "

ကွင်းပြင်ထဲမှာရှိတဲ့လူတွေ အကုန်ကြားနိုင်အောင်လို့ သူမက တမင်ကို အာကျယ်အာကျယ်နဲ့ ပြောဆိုခဲ့တယ်။ သူများတွေရဲ့ လှောင်ရယ်သံတွေကို ငါ စိတ်ထဲမထားပေမယ့်လည်း၊ Yun ခမျာ စိုးရိမ်ပူပန်နေသလို ဖြစ်နေတာကို ငါ ခံစားမိတာကြောင့် ကိုယ်ကိုယ်ကို ကွေးညွတ်ပြီး သူ့လည်ပင်းကို အသာအယာ ပုတ်ပေးခဲ့လိုက်တယ်။

" နင် နားထောင်ဖို့ လိုအပ်တာက ငါ့အသံ တစ်ခုတည်းပဲသိလား Yun " ငါ့မြင်းလေးရဲ့ လည်ပင်းကို ပွတ်သပ်ပေးနေမိတယ်။ " ငါ့အသံ တစ်ခုတည်းပဲနော်..... "

Yun က ဉာဏ်ရည်ထက်မြက်တဲ့ မြင်းတစ်ကောင် ဖြစ်တာကြောင့် ငါ့အသံကြားလိုက်ရတာနဲ့ တစ်ပြိုက်နက် သူက ချက်ချင်းကိုပဲ ပြန်လည်တည်ငြိမ်သွားခဲ့တယ်။ ဟိုကောင်မလေးနဲ့ သူ့အုပ်စုကို လျစ်လျူရှုရင်းနဲ့၊ သူမရဲ့ ပြောစကားတွေကို မကြားလိုက်သလိုပဲ ငါ ဟန်ဆောင်နေခဲ့တယ်။ ငါ့ဖက်က ဘာတုန့််ပြန်မှုမှ မရှိတာလည်း မြင်ရကော၊ Bai Xiao Xue ဟာ မောက်မာတဲ့ အပြုံးအရယ်နဲ့၊ သူ့သူငယ်ချင်းမတွေနဲ့အတူ ထွက်ခွာသွားခဲ့တယ်။

Rebirth of Fa Wei Lan {Myanmar Translation}Donde viven las historias. Descúbrelo ahora