အပိုင်း (၄၆) ဟန်ဆောင်မှုသက်သက်ရယ်ပါ
ပွဲတော်၏ဒုတိယမြောက်နေ့မှာ မိုးနတ်မင်းကိုပူဇော်ပွဲကျင်းပတာမို့ ပြိုင်ပွဲတစ်ခုမှ ရှိမနေတော့ဘူး။ ဘာမှလုပ်စရာမရှိတာနဲ့ ဟွားကျူ့ယွီ တစ်နေ့လုံး တဲအိမ်ထဲမှာပဲ နေနေလိုက်ပေမဲ့ ကံကောင်းစွာနဲ့ စာအုပ်တစ်ချို့ရှာတွေ့ခဲ့လေတော့ သူမ သိပ်မပျင်းရတော့ဘူး။
ညနေခင်းသို့ရောက်ရှိသွားတာနဲ့တပြိုင်နက် အမျိုးသားတွေနဲ့ အမျိုးသမီးတို့ဟာ မီးပုံပွဲစဖို့ပြင်ဆင်ကြပြီး စုဝေးကာ စကားစမြည်ပြောဆိုနေကြပြီ။ ဟွားကျူ့ယွီတစ်ယောက် စိတ်မဝင်စားတာနဲ့ စောစောအနားယူဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် သူမ၏တဲအိမ်နဲ့ အလွန်နီးကပ်စွာမှ ထွက်ပေါ်လာသည့် ဟူချင်၏တေးသံကိုနားဆင်လိုက်ရသည်။
သာယာနာပျော်ဖွယ်ကောင်းတဲ့သံစဉ်က ညင်သာစွာစီးဆင်းနေတဲ့စမ်းချောင်းလေးကဲ့သို့ လေထဲမှာ မျောလွင့်နေ၏၊ ညှို့မှိုင်းနေတဲ့ မြက်ခင်းစိမ်းပြင်ဒေသ၏ညခင်းကိုဖြတ်ကာ တိုက်ခတ်လာသည့် ညင်သာလှသောလေပြေလေးနဲ့ တူလှသည်။ ရွှင်မြူးဖွယ်ကောင်းတဲ့သံစဉ်ဖြစ်ရမဲ့အစား ဟွားကျူ့ယွီဆီ ညင်သာစွာမျောလွင့်လာတဲ့သံစဉ်လေးမှာ ပူဆွေးဝမ်းနည်းမှုအငွေ့သက်တွေ ပါဝင်နေခဲ့သည်။
ဟွားကျူ့ယွီ သံစဉ်ကို လစ်လျူရှုလိုက်ချင်ပေမဲ့ တီးခတ်သူက အလွန်ဇွဲကောင်းလှ၏၊ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်လက်တီးခတ်နေတော့သည်။
ရုတ်တရက် လွမ်းဆွေးတဲ့သံစဉ်အလယ်မှာ လူတစ်ချို့၏တီးတိုးပြောသံတွေကို သူမ ကြားလိုက်ရ၏။
ပြုံးလျက်... ဒီပွဲတော်ဟာ မြောက်ပိုင်းမြို့တော်၏ပွဲတော်ဖြစ်လင့်ကစား အောင်သွယ်မိတ်ဆက်ပွဲနှင့် မထူးခြားနားဘူးလို့ သူမ တွေးနေမိ၏။ လျှိုဖုန်းနဲ့ ဟွေရွှယ်တို့ကိုပဲ ကြည့်ပါရောလား၊ ဒီပွဲတော်ကိုတက်ရောက်ပြီးကတည်းက သူတို့နှစ်ဦးသား အတူတူရှိနေလိုက်ကြတာ။ ဒီသီချင်းကို ဘယ်မိန်းမပျိုလေးဆီ တီးခတ်ပေးနေတာလဲဟု ဟွားကျူ့ယွီ သိချင်လာခဲ့တယ်။
သို့ရာတွင် ထိုကဲ့သို့ချဉ်းကပ်ပုံကလည်း ကောင်းလှသည်ဟု သူမတွေးနေမိပြန်၏၊ အနည်းဆုံးတော့ ထိုသူတို့က သူမနဲ့ ကျီဖုန့်လီတို့လို အဆုံးမသတ်ရတော့ဘူးလေ။

YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...