🤍14🤍

1.3K 119 8
                                    

🐯unicode 🐯

လက်ခုပ်တီးသံတွေက Bright ရဲ့အတွေးများနေမှုကို မဖုံးလွှမ်းနိုင်ပေ။

စိတ်ပူနေတာ တခြားမဟုတ်။
ရိုးရိုးတန်းတန်း လှစ်ကနဲပျောက်သွားတာအကြောင်းလား...
တစ်ခုခုဖြစ်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
သတ္တဝါလေးရဲ့အကြောင်းကိုသိနေတော့ Bright ရင်တစ်ပူပူဖြစ်နေရတာ။
မယ်ထဝင်းဆိုတဲ့အမျိုးက ပြဿနာကိုဓာတ်မီးထိုးရှာတတ်တဲ့အမွှေစိန်မလို့ ဘာဖြစ်နေပြီလဲ ဘာမွှေနေပြီလဲ ပူပန်နေရတာဖြစ်သည်။

ပွဲပိတ်အနေနဲ့ Brand ကိုယ်စားပြု Design ကိုဝတ်ပြီး stage ပေါ်ဆိုက်ကျဂိုက်ကျ လျှောက်လာတဲ့ Win ကိုမြင်တော့ Bright မင်သက်သွားသည်။

အမယ်...သကောင့်သားလေးက Bright အံအားတသင့်ကြည့်နေတာမြင်တော့ ပြုံးစိပြုံးစိနဲ့ မချိုမချဥ်ရုပ်ကလေးဖြစ်သွားသေးသည်။

ခနပါပဲ...ချက်ချင်းမျက်နှာကလေးကို ပြန်တည်ပြီး စင်ပေါ်မှာ ဟိုက်ဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ အသေအချာပုံတွေပဲတွေ ပေးနေလေသည်။

ကင်မရာရှေ့သွားပြီး ဝတ်ထားတဲ့ long coat အရှည်ကြီးကိုလဲ ချာကနဲရမ်းပြီး မျက်နှာကိုမော်ချီနေလိုက်သေးသည်။

ငါဘာလို့လျှာရှည်ပြီး long coat ကိုထပ်လောင်း ဖြည့်ခဲ့မိတာပါလိမ့်!

တစ်ပတ်! နှစ်ပတ်! သုံးပတ်!
တော်တော်နှင့် စင်ပေါ်ကမဆင်းတဲ့ကောင်လေးကို ကြည့်ရင်း Bright ခေါင်းတွေချာချာလည်လာသည်။

တစ်ဒိတ်ဒိတ် တစ်ရိပ်ရိပ်ဖြစ်နေတဲ့ ခေါင်းကို ထိုင်ခုံလက်ရန်းပေါ်ထောက်ထားတဲ့ လက်နဲ့အသာနှိပ်နယ်ရင်း Bright ရဲ့မလှမ်းမကမ်းပွဲထောင့်မှာ ရပ်နေတဲ့ အတွင်းရေးမှူးကို မသိမသာမျက်လုံးဝင့်ပြီး အချက်ပြလိုက်သည်။

သူ့ပုံကြည့်ရတာလဲ Win ကိုမျက်လုံးအပြူးသားကြောင်ကြည့်နေတည်းက Bright သဘောပေါက်လိုက်ပြီ။တစ်ခုခုတော့ လွဲနေပြီ။အ့ဒီလွဲနေတာက ဒီအ​မွှေစိန်ကို စင်ပေါ်တင်ပေးလိုက်ခြင်းပင်။

Bright အချက်ပြတာမြင်တော့ အတွင်းရေးမှူးမလေးက Bright နားကိုမသိမသာရောက်လာသည်။

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Nơi câu chuyện tồn tại. Hãy khám phá bây giờ