VII-1: ( Unicode)

3.5K 495 5
                                    


ကျောင်းက ပရောဂျက်အတွက်အားလပ်ရက် တစ်ပတ်ပေးထားတယ်။ ဆိုတော့ ဒီနေ့ကမာခိုကျွန်းသွားမဲ့နေ့။

ရိပေါ်က ထုံးစံအတိုင်းစောစောနိုးတယ်။ အာ...မဟုတ်သေးဘူး။ ဒီနေ့က ခါတိုင်းရက်တွေထက်ပိုစောနေတယ်။

လှုပ်ရှားနေတဲ့စိတ်အစုံကို လစ်လျူ ရှုပြီးကုတင်ပေါ်ကဆင်းလို့ မှန်ပြတင်းနားရပ်လိုက်တယ်။ ပြတင်းတံခါးကိုတွန်းဖွင့်လို့ မျက်နှာချင်းဆိုင်က အိမ်လေးကိုကြည့်လိုက်တယ်။ ဝေလီဝေလင်းအချိန်မို့ ထိုအိမ်လေးသာမက ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတယ်။

ရိပေါ်က မနက်ခင်းအကျင့်တစ်ခုကိုလုပ်ပြီးတာနဲ့ ရေချိုးခန်းဘက်ဦးတည်လိုက်တယ်။ ရေချိုးခန်းမီးကိုဖွင့်လို့ မှန်ရှေ့ရပ်လိုက်တယ်။ ရည်ရွယ်ချက်ကတော့ ရေချိုးမလို့ပေမဲ့ လည်ပင်းဘယ်ဘက်နားလေးကတစ်စုံတစ်ခုဆီအကြည့်ရောက်သွားတယ်။

လက်ချောင်းရှည်ရှည်လေးတွေက လည်ပင်းပေါ်မှာရှိတဲ့အကြည်ရောင်အနာကပ်ပလာစတာလေးကို တို့ထိလိုက်တယ်။ တစ်ဆက်တည်းမှာပဲ ရိပေါ်ရဲ့နှုတ်ခမ်းစွန်းလေးတစ်ဖက်က ကွေးတက်သွားတယ်။

ဒါပေမဲ့ အဲဒီနေ့ကအဖြစ်အပျက်ကို ပြန်စဉ်းစားမိတဲ့အခါရိပေါ် နှုတ်ခမ်းလေးတွေက တင်းခနဲဖြစ်သွားပြန်တယ်။

ရှောင်းကျန့်က စိတ်ဆိုးလို့ရိပေါ်ကိုအသားနာအောင်လုပ်လိုက်ပေမဲ့ ရိပေါ်ကတော့ပြန်ပြီးစိတ်မဆိုးနိုင်ဘူး။ အဲဒီအစားထူးဆန်းတဲ့ခံစားချက်တွေနဲ့ ပူလောင်နေခဲ့တာ။ ထိုအဖြစ်အပျက်ပြီးတဲ့နောက် ရိပေါ်သိလာတာက ရှောင်းကျန့်ကို စိတ်ဝင်စားတာထက်ပိုနေတယ်ဆိုတာပဲ။

နောက်တော့ ရှောင်းကျန့်ကိုရိပေါ်ကမတွေ့တော့ဘူး။

၃ရက်...

၃ရက်ရှိပြီ။

အဲဒီနေ့ပြီးကတည်းက ရိပေါ်ကရှောင်းကျန့်ကိုရှောင်နေတာ။ ရေကူးကလပ်လည်းမသွားဖြစ်ဘူး။ ရှောင်နေတာကလည်း သေချာပေါက် ရိပေါ်ကရှောင်းကျန့်ကို သဘောမကျလို့မဟုတ်။

ရိပေါ်က ရှောင်းကျန့်ကိုတကယ်သဘောကျတယ်။

ပြီးတော့ဒီ၃ရက်က သူ့အတွက်မပြည့်မစုံနဲ့ တစ်ခုခုလိုအပ်နေသလိုခံစားနေရလို့အဆင်မပြေဘူး။ ဒါပေမဲ့ရိပေါ်က ကိုယ့်ကိုယ်ကိုဆန်းစစ်ချင်သေးတယ်။ ရှောင်းကျန့်အပေါ်မှာ သဘောကျရုံပဲလား။ ဘယ်လောက်အနေအထားထိစစ်မှန်သလဲဆိုတာကို သိချင်တယ်။ သဘောကျတာထက်ပိုသွားရင်တော့ ရိပေါ်ကရှောင်းကျန့်ကို အပိုင်သိမ်းထားလိုက်တော့မှာ။

JUST ANOTHER BOY [ Completed ]Where stories live. Discover now