VII-2: ( Unicode )

3.4K 484 17
                                    

မာခိုကျွန်းကိုရောက်တဲ့အချိန် ရှောင်းကျန့်မှာတကယ်ပျော်လို့မဆုံး။ မရောက်ဖူးခင်ကတည်းက ရှောင်းကျန့်သဘောကျတဲ့vibeမျိုးကိုပေးနိုင်လို့ အရမ်းလာချင်နေခဲ့ပေမဲ့ ဒီလောက်လှမယ်မထင်ခဲ့ဘူး။ ဒီလောက်လှတဲ့မြို့ကို ပါးပါးမားမားတို့နဲ့သေချာပေါက်လာရဦးမယ်။

.

.

.

.

"အခန်းကြီး ၃ခန်းယူလိုက်ရမလား"

ဂျွန်က ပါလာတဲ့လူအရေအတွက်ကိုကြည့်ပြီးမေးလိုက်တယ်။

"၂ယောက်တစ်ခန်းကပိုအဆင်ပြေမယ်...project လည်းရှိသေးတော့"

မိန်းကလေးတစ်ယောက်ကဆိုတော့ ကျန်သူတွေကလည်းအဆင်ပြေကြောင်းပြောကြတယ်။

မိန်းကလေး လေးယောက်ကအခန်းယူပြီးသွားလိုက်ပေမဲ့ ယောကျာၤးလေး၆ယောက်ကကျန်နေတယ်။

ဖရန့်က ဝမ်ရိပေါ်နဲ့တော့တစ်ခန်းထဲမနေနိုင်ဘူး။ အမှန်ဆို သူနဲ့ဝမ်ရိပေါ်ကတစ်ဖွဲ့တည်းမှန်းတောင်မသိခဲ့ဘူး။ ဖရန့်က project အပေါ်မှာအာရုံမရှိခဲ့တာဆိုပိုမှန်မယ်။

"ငါ Seanနဲ့တစ်ခန်းယူမယ်"

ဖရန့်ကပြောလိုက်တော့ ဘေးချင်းကပ်ရပ်နေတဲ့ရိပေါ်က မျက်ဆံတစ်ချက်ဝေ့ကြည့်လာတယ်။

"project တူမှပိုအဆင်ပြေမှာနော်"

ဂျွန်ကဆိုလာတယ်။ ဂျွန်ပြောတာလည်းမမှား။ တကယ်ကို ဖရန့်က ဒီprojectမှာ အားစိုက်ရမှာ။

"ဒါဆိုလည်း ဖီးလစ်နဲ့နေလိုက်မယ်....သွားစို့"

ဖရန့်က ပြောပြီးတာနဲ့ အလျင်စလိုထွက်သွားတယ်။ မဟုတ်ရင် ဟိုကြောက်စရာကောင်နဲ့ တစ်ခန်းတည်းကျမှာစိုးလို့။

အခုတော့လေးယောက်ပဲကျန်တော့တယ်။ နှစ်ယောက်ကတော့ projectမတူလည်းတစ်ခန်းနေရမှာဖြစ်တယ်။ ဒါပေမဲ့ ရှောင်းကျန့်က စိတ်မပူဘူး။ ဂျွန်က ရှောင်းကျန့် ဒါမှမဟုတ်ရင် ဝမ်ရိပေါ်နဲ့တစ်ခန်းယူလိမ့်မယ်။ ရှောင်းကျန့်က နီရယ်နဲ့ဆိုလည်းအဆင်ပြေပေမဲ့ ဝမ်ရိပေါကတော့ ဂျွန်ကလွဲပြီးတခြားသူငယ်ချင်းမရှိဘူးမဟုတ်လား။

JUST ANOTHER BOY [ Completed ]Where stories live. Discover now