Epi <45> - Tear

3.3K 128 3
                                    

[Unicode]

" အဲ့တာပဲ ... ဒယ်ဒီမင်းကိုလာပြောပြတာ "

" ဒါဆို အန်တီဟုန်းအာက ဒီအတိုင်းအပြစ်ခံယူခဲ့တဲ့လူပေါ့ "

" ဟုန်းအာပြန်လွတ်လာပြီးတော့ ဆိုရာ တို့အရိပ်ကနေ
လွတ်မြောက်အောင် ဆိုးလ် ကိုပြောင်းလာခဲ့တယ်
ဒါဆိုရာ ဒယ်ဒီ့ကိုပြောပြခဲ့တာတွေပဲ သိပ်မကြာဘူး
တစ်ပတ်လောက်ကြာတော့ သူလည်းစိတ်ကျန်းမာရေး
ဆေးရုံမှာဆုံးသွားခဲ့တာ "

ဝုန်းကနဲထရပ်လိုက်တဲ့ဂျောင်ဂုက အံ့ဩခြင်းတို့ပြည့်နှက်
ကာ သူ့အဖေကိုစူးစူးရဲရဲစိုက်ကြည့်နေသည် ။

" ဂျောင်ဂု ဂျောင်ဂု ဒယ်ဂူမှာနေနေတာ ထယ်ယောင်းတို့
အိမ်သိပြီ ဂျူရီ ဂျူရီ့အိမ်မှာတဲ့ "

အမောတကောပြေးဝင်လာတဲ့ ဂျန့် နောက်မှာ ဂျီမင်းဟျောင်း
ကလည်း မောဟိုက်လျက် ။

" ဂျူရီ ဂျူရီဆိုတာ ငါတို့သူငယ်ချင်းပဲ ဂျောင်ဂု
သူ့အိမ်ကိုသိတယ် "

အခုချိန် ဂျောင်ဂု စိတ်ထဲဘာမှမတွေးတောနိုင်တော့ ။
ခုံပေါ်က ကားသော့ကိုဆွဲကာ စင်ဝင်အောက်က ကားစက်နှိုးပြီး ဂျီမင်ဟျောင်းကိုခေါ်သည် ။ ပြီးတော့ ဂျန် ပါ
ကားပေါ်လိုက်ကာ အရှိန်ပြင်းစွာမောင်းထွက်သွား၏ ။

မိုင်ကုန်မောင်းနှင်နေတဲ့ကားတစ်စီးက ဂျောင်ဂု ရဲ့ကား
ဆိုတဲ့အတိုင်း လမ်းထက်အရှိန်နှုန်းက ကြောက်မက်ဖွယ်ရာ
ကောင်းသလို မောင်းနှင်နေသူဂျောင်ဂု ကလည်း
လီဘာကိုအစွမ်းကိုနင်းထားသည် ။ လိုက်စီးနေရသူ
ဂျန် နဲ့ ဂျီမင် ကတော့လက်တလောအဖြစ်အပျက်တွေကိုပင်
မတွေးနိုင်ပဲ သူတို့ဒီကားပေါ်မှာပဲ အဆုံးသတ်မသွားဖို့
လက်တို့ပွတ်တိုက်ကာ ဆုတောင်းနေရ၏ ။ နောက်ကလိုက်လာတဲ့ Re နဲ့ ယွန်းဂီ ကလည်း အမှီလိုက်နေရသလို ဂျွန်သူဌေးကလည်း ပါလာခဲ့သည် ။

" ဂျောင်ဂု ဂျောင်ဂု ဟဲ့ !!!! ငါ ငါမောင်းမယ်
နင် ဒီလိုအခြေအနေနဲ့မဖြစ်ဘူးမလား "

ဘေးခန်းက ဂျန် အသံတုန်တုန်နဲ့တားနေကာ
သူမ၏လက်တို့ပုတ်ထုပ်ခံလိုက်ရသည် ။

" ဂျောင်ဂု ဂျန် မောင်းပါစေ မင်းစိတ်အေးအေးနဲ့
လိုက်စီးပါ ငါ ဂျန် မောင်းမှပဲစိတ်အေးအေးနဲ့ လမ်းပြပေးနိုင်မယ်ထင်တယ် "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Tahanan ng mga kuwento. Tumuklas ngayon