🙆#၇

2.7K 213 1
                                    

တစတစ တိုးလာတဲ့သံယောဇဉ်တွေမှာ ကျမ က ရုန်းလေနစ်လေဖဲ ။

လီလီဆိုတဲ့ ပန်းလေး တောက်ပဖို့ အဓိက။ ကျမလေ
ကျမ သက်တမ်း တလျောက် ဘယ်သူ့ကိုမှ မဆန့်ကျင်ခဲ့ဖူးတာ။
လီလီက သိပ်ချစ်ဖို့ကောင်းတာ အရင်ကကော အခုကော နောင်ရော။ရှင်တို့သိလား
Oppaက သိပ်အတ္တကြီးတာ ။ အဖိုးတို့အဖေတို့ဆီက အမွေပါတယ်နဲ့တူပါတယ်။ ကျမ လွတ်လပ်ပီလို့ထင်ရပေမဲ့ အလုံးစုံလို့ မဟုပ်ဖူး။ နယူးဇီလန်မှာ ကျမတို့ဟာ အတူတူပွဲတက်ရတာတွေရှိတယ် ။ အနည်းငယ်ကတေ့ာ လင်မယားလို့သိပီး တချို့ကတေ့ာ လုပ်ငန်းစပ်တူ လုပ်ကိုင်နေသူတွေလို့ထင်ကျတာပေါ့။
ကွဲရအောင်လို့ ပြောတဲ့ချိန်မှာ opaက ဘာပြောလဲသိလား။

"လုပ်ငန်းသဘောအရ ကိုယ်တို့ကွဲဖို့အဆင်မပြေဖူးဂျိန်း
ဘာလို့လဲ ကိုယ်ဂျိန်းကိုဘာမှချုပ်ချယ်မထားဖူးလေ

"ဂျိန်း မပျော်လို့ပါ ပီးတေ့ာ ပါးတို့လိုမျိုးအိမ်ထောင်ရေး ဖြစ်မှန်းမသိ‌ဖြစ်နေရတာကိုမကြိုက်လို့ ကွဲရအောင်

"ဂျိန်း နှစ်ဖက်မိဘတွေက ကိုယ်တို့ကို အ့ာလို အဖြစ်ခံမှာ မဟုပ်ဖူး သိတယ်မလား ဂျိန်းအတွေးတွေကို ပြင်လိုက်ပါ ကိုယ့်လိုလူကို စွန့်ပီး ကောင်မလေးတစ်ယောက်ကိုရွေးချယ်တာက ကိုယ့်ကိုစော်ကားရာရောက်တယ်။ မိဘတွေလဲ နာမည်ပျက်တယ်။

"ဘာအတ‌ွက်လဲ ဂျိန်းက ဘာအတွက်သူ့တို့ကိုကြည့်ပေးရမှာလဲ

"ဒါတေ့ာ ဂျိန်းရွေးချယ်မှုဖဲလေ

"အခုမှ ဂျိန်းသိလာတာ ပျော်အောင်နေတတ်ဖို့ဆိုတာလေ

"အရေးမပါတာတွေ။ ဂျိန်း ပျော်ချင်သလောက်ပျော်။ ကိုယ်လဲ အပြင်မှာရှုပ်ချင်သလိုရှုပ်နေတာဖဲ ဂျိန်းလို နာမည်ထွက်လာလို့လား။ ကိုယ်က လုပ်ငန်းရှင်နဲ့ idolကြားက ရင်းနှီးမှုပါလို့ ရှင်းပြထားပေမဲ့။ နှစ်ယောက်သားအကြည်စိုက်နေတာကြီးက ကိုယ့်ကိုလဲဝေဝါးစေတာဖဲ

"ဂျိန်းကသူ့ကို ရွေးရင် ဘာဖြစ်လာနိုင်လဲ

"ကိုယ်တို့ သုံးယောက်ပုံ မီဒီယာတွေမှာတက်လာမယ်
အကုန်လုံးက သူ့နယ်ပယ်နဲ့သူ နေရာရပီးသားတွေလေ။ ကိုယ်တို့စီးပွားရေးလုပ်နေတာမို့ နစ်နာစရာသိပ်မရှိပေမဲ့ လီဆာကတေ့ာ အပြောခံရနိုင်တာပေါ့။ အဆင်မပြေရင် သူများအိမ်ထောင်ရေးကို ခွဲတယ်ဆိုပီးလေ။
။။။။။။။။။။။။။။။။။။။။။။

SugarbooWhere stories live. Discover now