Ep.7(U)

9.4K 283 3
                                    

မိုးမြင့်ဟိန်းပါးပြင်ပေါ်ကို မျက်ရည်များစီးကျလာသည်။ ထိုလူ၏စကားများကို သူရှင်းရှင်းလင်းလင်းကြားနေရသောကြောင့်ဖြစ်သည်။

မိုးမြင့်တစ်ယောက် internetပေါ်ရောက်လာတဲ့ မိမိ၏သားပါသော လူမဆန်စွာနဲ့ video file
တင်လိုက်တဲ့သူကြောင့် ဒေါသထွက်နေမိသည်။ သားငယ်၏နာကျင်စွာအော်ဟစ်သော အသံကဖခင်ဖြစ်တဲ့ သူ၏အသည်းနှလုံးကို တူနဲ့ထုချေလိုက်သလို နာကျင်ကြေကွဲရသည်။ သားငယ်၏အဖြစ်ကိုကြည့်ကာ မိုးမြင့်မျက်ရည်မျာ ပူဆွေးစွာနဲ့ တသွင်သွင်စီးကျလို့နေမိသည်။ သားငယ်က ဘယ်တုန်းကမှ ယောကျ်ားချင်းကြိုက်တာ စိတ်ဝင်စားတာမျိုးမရှိခဲ့တာ သူအသိဆုံးပင်။ သူမသိလိုက်ခင်အချိန်မှာ သားဟာယောကျ်ားတစ်ယောက်ကို လိုလိုချင်ချင်နဲ့တောင်းဆိုနေတဲ့အသံဟာ ဖခင်ဖြစ်တဲ့ သူရဲ့နားထဲကမထွက်ချေ။ သားကယောကျ်ားတစ်ယောက်ကို ချစ်မိနေတယ်ဆိုရင်တောင် သူကသဘောတူကြည်ဖြူနိုင်မယ့်ဖခင်မျိုးပါ။ သူ့မှာဒီသားလေးတစ်ယောက်ထဲရယ်မဟုတ်လား။ ဦးမျိုးမြင့်၏ဇနီးဖြစ်သူကလဲ သားစိတ်နဲ့ အိပ်ယာထဲဘုန်းဘုန်းလဲကာ ဘယ်သူနဲ့မှစကားမပြောတော့ပါ။ လင်ယောကျ်ားဖြစ်တဲ့သူ့ကိုတောင် စကားမပြော။ တရီရီတငိုငိုနဲ့သာ အိပ်ယာပေါ်မှာရှိနေသည်။

အိမ်ဖော်များမှာလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ သတင်းထောက်များကလဲ အိမ်ခြံတံခါးရှေ့မှာ ရောက်နေကြတာက မနက်ခင်းထဲကပင်။ အခုချိန်ထိမပြန်ကြသေးပေ။ သူအပြင်ကိုထွက်လာတာနဲ့ မေးမြန်းရန်အသင့်စောင့်နေတာမို့ ဦးမိုးမြင့်တစ်ယောက်အပြင်သို့ မထွက်ပါ။

သား၏နာကျင်စွာနဲ့တောင်းပန်နေတဲ့ သနားစရာအသံလေးကိုတောင် မညှာမတာမထောက်ထားပဲ ရက်စက်စွာသတ်ဖြတ်လိုက်တဲ့ လူသတ်သမား။ ငါ့သားနာကျင်ခံစားရတာထက် မင်းအဆပေါင်းများစွာ ပိုနာကျင်ခံစားစေရမယ်။

*****

အထာတို့သူငယ်ချင်းတစ်စုလူစုံကြသော်လည်း တစ်ယောက်ကတော့လိုနေသည်။ ထိုသူကမိုးမြင့်ဟိန်းတစ်ယောက်ပင်ဖြစ်သည်။ ဟိုအရင်နေ့ရက်တွေကဆို သူတို့ရဲ့လှုပ်ရှားမှု့တွေကို အဆင်မြဲငေးမောအားကျနေရတဲ့ ကိုယ်လိုရွယ်တူကျောင်းသူ၊သားများက အခုတော့သူတို့ကိုကြည့်နေတဲ့ အကြည့်တွေက စူးစမ်းလိုသောအကြည့်တွေပင်။ ကျောင်းတစ်ကျောင်းထဲမှာတင် မိုးမြင့်ဟိန်းသတင်းကပျံ့ခဲ့တာမဟုတ်။ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့သူတိုင်းနားထဲ ပါးစပ်ထဲမှာပျံ့နှံ့လို့နေတာဖြစ်သည်။

Abstarct Of Love (Z&U)Where stories live. Discover now