2021, Seattle , Washington .
"" ဟယ်လို အန်ကယ် ..ကျွန်တော့်နာမည်က ဂျိတ်ခ်ပါ ။ visitor တစ်ယောက်ပေါ့ ။ ဒီမှာ ကိုရီးယားလူမျိုးတစ်ယောက်နေတယ်လို့ကြားလို့ ကျွန်တော် ဒီမြို့လေးအကြောင်း သိချင်တာတွေမေးချင်လို့ပါ ..နာမည်က ပတ်ဂျုံဆောင်း လားမသိဘူး ""
"" အဲ့တာကျွန်တော်ပါပဲ .. မဟုတ်မှလွဲရော မင်းကို ဒီလွှတ်လိုက်တာ အန်ဒရူး များလား ""
"" ဟုတ်ပါတယ် ။ ကျွန်တော့်က စာရေးဆရာတစ်ယောက်ပါ ။ ဒီမြို့လေးအကြောင်းကို ဝတ္ထုထဲထည့်ရေးချင်လို့ ကူညီပေးပါဦး အန်ကယ် ""
"" သိပ်ရတာပေါ့ ""
အန်ကယ်ပတ်ရဲ့ စံအိမ်ကြီးက အထပ်မြင့်မြင့်အဆောက်အဦတွေကို သုံးလေးခုလောက်ဆက်ထားပြီး ရဲတိုက်ကြီးတစ်ခုနှင့်တူနေသည် ။ မြို့နဲ့ အနည်းငယ်အလှမ်းဝေးတဲ့ နယ်ဘက်မှာရှိတာကြောင့် အခုချိန်မှာ ဒီလို အိမ်မျိုးတွေက အလွန်ရှားသွားပြီ ။ ဒီအိမ်ရဲ့ သက်တမ်းက နှစ်တစ်ရာလောက်ရှိပြီလို့ အန်ကယ် က ပြောတယ် ။ အပြင်ကကြည့်တော့ ဘယ်သူမှမနေသလို မှောင်မိုက်အိုဟောင်းနေသော်လည်း အိမ်ထဲမှာတော့ နွေးနွေးထွေးနွေးရှိလှတယ် ။
နာမည်ကြီး Beethoven ရဲ့ Moonlight sonata ကိုဖွင့်ထားတော့ ရှေးဟောင်းစံအိမ်ကြီးတစ်ခုထဲမှာရောက်နေရတာက ခြောက်ခြားစရာကောင်းသလိုခံစားရတယ်။ ဒါပေမယ့် အခုထိ လူနေသေးတဲ့ အိမ်ကြီးထဲမှာ သူထင်နေတာတွေမရှိလောက်ပါဘူးလေ ။
အိမ်ထဲမှာ တချို့သော နေရာတွေက ပြောင်လက်သန့်ရှင်းနေသော်လည်း တချို့နေရာတွေက လုံးဝထိတွေ့ခြင်းမရှိသလို ၊ သန့်ရှင်းရေးမလုပ်ထားသလို ရှုပ်ပွနေတယ် ။ လူကြီးတစ်ယောက်တည်း နေတဲ့ အိမ်အကျယ်ကြီးဆိုတော့ အားလုံးကို သေချာ ဂရုမစိုက်နိုင်တာဖြစ်ပါလိမ့်မယ် ။ နံရံတွေဟာ ကွက်ကြားကွက်ကြား ဆေးကွာ နေပြီ ။
"" ခြံထဲလောက်ပဲ လိုက်ပြမယ်ထင်နေတာ ။ အိမ်ထဲပါပေးဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ် ""
"" အပန်းမကြီးပါဘူး ကွာ ""
ဖယောင်းတိုင်ရှည်တွေနဲ့ အလှဆင်ထားတဲ့ ထမင်းစားစားပွဲရှည်က မသုံးတော့တာကြာတဲ့ အတိုင်းဖုန်တက်နေတယ် ။ ဖယောင်းတိုင်ရှည်တွေတစ်ခုနဲ့တစ်ခုကြားမှာဆို ပင့်ကူအိမ်တွေတောင်ရှိတယ် ။ ပန်းချီကားချပ်တွေနဲ့အလှဆင်ထားတဲ့ စံအိမ်ကြီးရဲ့ တစ်ဖက်ခြမ်းက အခုနက မြင်ခဲ့တဲ့နေရာနဲ့ လုံးဝကွာခြားတယ် ။ အခုနက ဖုန်တွေတက်နေတဲ့နေရာက တမင်မရှင်းဘဲ ပစ်ထားသလိုဖြစ်နေတာ ။ အောက်သိုးသိုးအနံ့တွေလည်းရတယ် ။