~You are my sun, my moon, all my star's and my Yellow sky~
မေဂျာမောင်မယ်သစ်လွင်ပွဲအတွက် ပြင်ဆင်စရာတွေပြင်ဆင်ရအောင် ရည်မွန်တို့အဖွဲ့ စီနီယာတွေနဲ့ပေါင်းပြီး စာသင်နှစ်အလိုက်ကအတန်းခေါင်းဆောင်တွေကိုခေါ်ပြီး အစည်းအဝေးစလိုက်သည်။ ပွဲအတွက်လိုအပ်သမျှတွေကို အဖွဲ့လိုက် လေးတွေခွဲပြီး တာဝန်ယူလိုက်ကြသည်။
"အစ်ကိုတို့..."
"ပြောညီလေး... ဘာဖြစ်လို့လဲ"
"ဒီနေ့ကို Department ရဲ့ပွဲခန်းမမှာ လူစုဖို့ပြောထားလို့လေ... အဲဒါဘယ်ချိန်လောက်ကို ပြောပေးထားရမလားဗျ။ လူစုပေးထားချင်လို့ပါ"
"အစ်မတို့က ဒီနေ့နေ့လယ်ပိုင်းကစပြီး အတန်းချိန်အားတယ်ဆိုတော့ နေ့လည်စာစားပြီး လူစုဖို့ပြောလိုက်နော်။ ရည်မွန်တို့လည်း အဆင်ပြေတယ်မလား"
"အိုကေတယ်"
သူတို့အတန်းကတော့ ဒီနေ့မနက်ပိုင်းအတန်းချိန်က အားနေတာဆိုတော့ တစ်နေရာရာမှာအချိန်ဖြုန်းဖို့ ထွက်လာလိုက်သည်။
"အချိန်ကဆယ်နာရီကျော်နေပြီဆိုတော့ ဆိုင်တစ်ဆိုင်ထိုင်ကြမယ်ကွာ"
အားလုံးကအိုကေတယ်လို့ပြောတော့ အနီးအနားကုန်တိုက်က စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်လာခဲ့သည်။ သူတို့ရောက်သွားတဲ့ဆိုင်ကတော့ ဆယ်နာရီပဲရှိသေးတော့ လူတွေကရှင်းလင်းနေသည်။ တစ်ယောက်တစ်ပေါက်ကြိုက်တာတွေမှာပြီး လာအချကိုစောင့်နေတဲ့အချိန်မှာပဲ ဟိုနေ့ကမရှင်းရသေးတဲ့ကိစ္စကို ခွန်းကမပြောစဖူးစပြောလာသည်။
"ဟိုနေ့ကိစ္စအတွက်ဆော်ရီးရည်မွန်"
ဟို့နေ့ကကိစ္စကို ဟိုကောင်တွေရဲ့ပါးစပ်ဖွာမှုနဲ့ရည်မွန်သိခဲ့ရသည်။ ရည်မွန်ရိပ်မိနေခဲ့သည်။ တစ်မျိုးမျိုးတော့ ပတ်သတ်မှုရှိမယ်ဆိုတာကိုထင်ခဲ့ပေမယ့် ဒီလောက်ထိလို့တော့ မတွေးဖြစ်ခဲ့ဘူး။
"စိတ်ထဲမထားနဲ့။ ရတယ်"
"အင်း"
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...