အပိုင်း~၁~

685 44 7
                                    


"ဒေါက် ဒေါက် ဒေါက်~~"
"ဒေါက် ဒေါက် ဒေါက်~~"

ကျိုက်ရှောင်းဝမ်သည် အဆက်မပြတ်မြည်နေသော တံခါးခေါက်သံကြောင့်နိုးလာခဲ့သည် ။သူသည်‌မျက်နှာပေါ်ကျဆင်းနေသည့် နေရောင်ခြည်ကိုကွယ်ရန် လက်ကိုမြှောက်လိုက်သည်။ ထို့နောက် မျက်လုံးပေါ်သို့လက်ကိုအုပ်ထားရင်း..

"ဝင်ခဲ့လေ "

အတူနေသောသူငယ်ချင်းဖြစ်သူ ပျန်ထျန်းယမ်သည်ခပ်သွက်သွက်ဝင်လာရင်း.. ကုတင်အစွန်းတွင်ဝင်ထိုင်လိုက်သည်။
" ရှောင်ဝမ် မင်းဒီနေ့ အလုပ်မသွားရဘူးလား "

ရှောင်ဝမ်သည်လဲ အိမ်မှုန်စုံဝါးဖြင့် ငုတ်တုတ်ထထိုင်လိုက်သည်။
"အင်း မသွားရဘူး ဒီနေ့ရယ် မနက်ရယ်ပိတ်တယ် "

သူသည်ပြောပြီးမှတစ်ခုခုကိုသတိရသွားသည်။ လူတိုင်းလူတိုင်း အိပ်ယာထခါစတွင် ဦးနှောက်ကပုံမှန်အလုပ်မလုပ်သေးတာဖြစ်သင့်သည်မဟုတ်လား?

"ငါရိုး.. weekendလေ မင်းဖင်ကြီးကိုအလုပ်သွားရမှာလား ဘာတွေလာမေးနေတာလဲ "

"မင်းငါ့ကိုအော်မှာ ငါထင်သားပဲ ငါ့ကောင်ရာ ငါ့ကိုကိစ္စသေးသေးလေးကူညီပါဦးကွာ နော်နော် "

ရှောင်ဝမ်သည် စိတ်ရှုပ်ထွေးစွာ ခေါင်းကိုဆွဲဖွလိုက်ရင်း..တစ်ခွန်းတည်းသာပြောလိုက်သည်။
"ပြော"

ထျန်းယမ်သည် ပျော်ရွှင်စွာဖြင့် ‌ရှေ့သို့တိုးလာပြီးပြောပြလာသည် ။
"ဟိုဟာကွာ .. ငါဒီနေ့ ပါဆယ်ပို့စရာတစ်ခုရှိတယ် အဲ့တာက ဒီနေ့လည်၂နာရီမထိုးခင်ပို့ပေးရမှာ ငါကအခု သူငယ်ချင်းနဲ့တွေ့ဖို့ချိန်းထားလို့မမှီလောက်ဘူး ငါ့ကိုအဲ့တာလေးသွားပို့ပေးစမ်းပါကွာ နော် နော် "

ရှောင်ဝမ်သည် နားထောင်‌ပြီးနောက် မျက်လုံးကိုမှေးကျဉ်းထားပြီး သူ့အားသေချာကြည့်လိုက်သည် ။ ထိုသူ့တွင် မသက်ာစရာအငွေ့အသက်များအပြည့်ရှိနေလေသည်။
" မင်း သူငယ်ချင်းဆိုတာက... မင်းမှန်မှန်ပြောကောင်မလေးမလား ဟမ် ! "

ထျန်းယမ်သည်ချက်ချင်းငြင်းဆိုလာသည်။
"မဟုတ်ပါဘူးကွာ..အဲ့တာက.."

ရှောင်ဝမ်သည် ကြားထဲကဖျက်ပြောလိုက်သည် ။
"မသွားဘူး"

ထျန်းယမ်သည်လန့်ဖြန့်သွားရ၏။သူသည် သနားစရာမျက်လုံးလေးများဖြင့်
"အာ မလုပ်ပါနဲ့ ရှောင်ဝမ်ဝမ်လေးရယ် ကျွန်တော့်ကိုကူညီပေးပါဗျာ နော် နော် "

{Anti Romantic}Where stories live. Discover now