Ep5~You are the moon of my own sky~

2K 113 10
                                    

~I was unable to stop thinking about you the moments I set my eyes on you~

ပုံမှန်ဆို ပွဲပြီးခါနီးလူမရှိတော့ပေမယ့် အခုကတော့ပြောင်းပြန်။ ပွဲအရှိန်က တစ်ဖြေးဖြေးကောင်းလာပြီး ခွန်းသီချင်းဆိုပြီးနောက်ပိုင်း တစ်ခြားကျောင်းသားကျောင်းသူတွေလည်း ထပ်ထပ်ရောက်လာတော့ စီနီယာတွေကလည်း တော်တော်လေးကျေနပ်နေသည်။

"မင်းပြန်မလို့ဆို..."

"ပြန်မလို့ပါပဲ။ ဒါပေမယ့် ပျော်စရာကောင်းနေတော့ ထပ်နေလိုက်မယ်"

"အမျိုးမျိုး"

အားလုံးကတောင်းဆိုသမျှသီချင်းတွေကို လိုက်ညည်းနေလိုက်ရင်း ပတ်ပတ်လည်မှာရှိတဲ့လူတွေရဲ့အပျော်တွေက သူ့ဆီကူးစက်လာသလိုရှိလို့ ရည်မွန်သူ့ကိုယ်သူပြုံးနေမှန်းတောင် သတိမထားလိုက်မိဘူး။ ဒါပေမယ့် သတိထားနေသူတစ်ယောက်ကတော့ အပြုံးမဆိုသာ အပြုံးမျက်နှာဖြစ်နေသည်။

"ဒီတစ်ခါတော့ နည်းနည်းအသစ်အဆန်းလေးဖြစ်သွားအောင် နှစ်ယောက်အတွဲလိုက်နှိုက်မယ်"

စင်အောက်ကလူတွေက စိတ်ဝင်တစားနဲ့ အနှိုက်ခံရမယ့်လူအစား ရင်ခုန်ပေးနေကြသည်။ ရည်မွန်ကတော့ သူလုံးဝမဖြစ်နိုင်ဘူးဆိုတာ သေချာနေသည်။

"ရည်မွန်... မင်းဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ"

"မဖြစ်နိုင်တာ..."

"ဘာလို့မဖြစ်နိုင်ဘူးလို့ထင်ရတာလဲ"

"ငါကဒီအတိုင်းသာမန်ပဲလေ။ ငါ့ကိုအရေးတယူမဲထည့်မယ့်လူမရှိလောက်ပါဘူး"

"စိတ်အေးလက်အေးရှိလှချည်လား"

"ဒါပေါ့"

သူကိုယ်တိုင်လည်းအနှိုက်ခံရမယ့်လူအစားဝိုင်းပြီးရင်ခုန်ပေးနေမိသည်။ စိတ်ထဲမှာတစ်ခုလေးတွေးမိသည်။ တစ်ကယ်လို့သာ သူ့ဘေးက​ရေခဲတုံး​ကြီးဖြစ်ခဲ့ရင် ဘယ်လိုဖြစ်နေမလဲဆိုတာကို။ ချေမိုးဆိုတဲ့တစ်ယောက်သာ စင်ပေါ်ရောက်လို့သီချင်းဆိုနေရမယ်ဆိုရင် ဘယ်လိုနေမလဲသိချင်မိသည်။

Rain💛Moon (Completed)Where stories live. Discover now