Unicode:
လူရိုင်းမျိုးနွယ်တွေမှာ ကျယ်ပြောတဲ့ မြေပိုင်နက်ရှိသော်လည်း အထွက်ကောင်းပြီး ရာသီဥတု သာယာတဲ့ ရှ နိုင်ငံတော်နဲ့ ယှဥ်လိုက်ရင် လူရိုင်းတို့ရဲ့မြေနေရာက နည်းနည်းတော့ ဆိုးရွားနေသေးသည်။ မြေနေရာအများစုမှာ သဲတွေနဲ့ ဖုံးလွှမ်းနေပြီး အနည်းငယ်လောက်သာ တောင်တွေ၊ လယ်ကွင်းတွေရှိသည်။ နောက်ပြီး နေရာအနည်းငယ်ကသာ စိုက်ပျိုးရေးလုပ်လို့ရတဲ့ မြေပြန့်ဒေသ ဖြစ်သည်။ရူဒူရဲ့ မြေနေရာကတော့ အကောင်းမွန်ဆုံးပင်။ အရှေ့ဖက်ပိုင်းမှာ မြက်ခင်းပြင်ရှိတာကြောင့် တိရစ္ဆာန်တွေ ကျက်စားလို့ရသည်။ နောက်ပြီး ဘုရင့်မျိုးနွယ်တွေပဲ စံစားလို့ရတဲ့ မြေနေရာဆိုပြီး သပ်သပ် ပိုင်းခြားထားသေးသည်။
လူရိုင်း နယ်မြေမှာဆိုရင် မြင်းနဲ့ဆွဲထားတဲ့ လှည်းတွေကို အသုံးပြုသူက မရှိသလောက်နည်းပါးသည်။ ရှိတဲ့မြင်းနဲ့ဆွဲတဲ့ လှည်းတွေကလည်း ရှနိုင်ငံက လှည်းတွေလောက် သက်သောင့်သက်သာ မရှိလှပါ။ အမျိုးသားရော၊ အမျိုးသမီးရော အကုန်လုံးနီးပါး မြင်းစီးတတ်ကြသည်။ ၅ နှစ်၊ ၆ နှစ်လောက် အရွယ်ရှိတဲ့ ကလေးလေးတွေတောင် မြင်းစီးတတ်ကြသည်။ မြင်းမစီးတတ်တဲ့လူက လက်ချိုးရေလို့တောင် ရသည်။
ရှရှီးကတော့ မြင်းဘယ်လိုစီးရမလဲ မသိပေ။
တကယ်တော့ သူနန်းတော်က ထွက်မလာခင်အထိ မြင်းကို မြင်တောင် မမြင်ဖူးပေ။ ရှနိုင်ငံတော်တုန်းက မြင်းတွေကို မြင်နိုင်တဲ့နေရာက တစ်နေရာသာရှိသည်။ အဲ့တာက မြင်းတင်းကုတ်ဖြစ်သည်။ ရှရှီးက ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရတဲ့အတွက် အဲ့လိုနေရာတွေကို မရောက်ဖူးပါ။ မြင်း ဆိုတဲ့အရာကို စာအုပ်တွေထဲမှာသာ ဖတ်ဖူးခဲ့တာဖြစ်သည်။ ရုဒူ နယ်စပ်နားရောက်မှသာ မြင်းတစ်ကောင်ရဲ့ လည်ဆံမွှေးကို အနီးကပ်မြင်ဖူးတော့တာဖြစ်သည်။
သူက မြင်းစီးခြင်းနဲ့ပတ်သက်ပြီး တစ်ခုတစ်လေမှ မသင်ကြားခဲ့ရဖူးပေ။
ချူးလန်က ရှရှီးအတွက် လှပပြီး သိမ်မွေ့တဲ့ မြင်းမတစ်ကောင် ရွေးပေးလိုက်သည်။ ရှရှီးရှေ့ကို ယူလာပြပြီးတော့ မျှော်လင့်နေတဲ့ မျက်ဝန်းတွေနဲ့ ရှရှီးကို ကြည့်လိုက်ပြီး မေးသည်။

YOU ARE READING
ဘုရင်လေး/ ဘုရင္ေလး(ဘာသာပြန်)(Completed)
Historical FictionTitle.....The Little King English translator...PastTimer ""Permission granted from English translator"" English translation link👇🏻👇🏻 https://www.wattpad.com/story/239997376?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_...