တစ်ဦးဆိုင် ရပ်ဝန်း
Unicode
ကျောင်းစိမ်းဘောင်းဘီ ကို ခြေသလုံးအထိ လိပ်တင်ထားပြီး လက်နှစ်ဖက်လုံးမြှောက်ထားရသော ကောင်လေးတစ်ယောက် ။ခြေသလုံး ပေါ်မှာ အရှိုးရာတွေကအထပ်လိုက်။
လမြတ်ဝါဆို က အသားအရမ်းကြီးမဖြူပဲ အသားမညိုတညိုလေးဖြစ်သည်။ မျက်ခုံးထောင့်နားမှာ ချိုင့်နေသည့် အမာရွတ်သေးသေးလေးတစ်ခုရှိသည်။ မှတ်မှတ်ရရ သုံးတန်းနှစ်က မီးငယ် သူ့အိမ်စာတွေမကူးပေးလို့ဆိုပြီး ခဲတံနဲ့ဆောင့်ထိုးခဲ့ရာမှ အမာရွတ် ကျန်နေခြင်း ဖြစ်သည်။
သုံးနာရီလုံးလုံး လက်မြှောက်ထားရသော်လည်း ဘာသံမှမထွက်ပဲ ငြိမ်ငြိမ်လေး ဆက်ရပ်နေသည်။
ဆယ့်ငါးမိနစ်လောက် ထပ်ရပ်ပြီးသည့်အခါတွင်တော့ ဧည့်ခန်းထဲကို ဒေါကြီးမောကြီး
ဖြင့် ဦးလေးကြီး တစ်ယောက် ဝင်လာသည်။လက်ထဲက အိတ်ကို ပစ်ချပြီး လက်မြှောက်ထားသော ကောင်ရဲ့ ခေါင်းကို ဦးမြတ်သူလက်နဲ့ အားပြင်းပြင်းရိုက်ပြစ်လိုက်သည်။
ပူထူသွားသော ခေါင်းကိုခပ်သာသာပွတ်လိုက်ကာ လမြတ်ဝါဆို ပြန်ပြီး လက်မြှောက်ထားလိုက်သည်။
" လမြတ်ဝါဆို မင်းစောက်ချိုးတွေ ပြင်လို့မရဘူးလား မင်းညီမကို မင်းအတုမယူနိုင်ဘူးလား စောက်သုံးကတစ်စက်မှမကြဘူး မီးငယ် ခြေဖျားကို မှီအောင်ကြိုးစားစမ်းပါကွ ငါ့သားလို့ပြောရမှာတောင် ရှက်တယ် မောင်နှမနှစ်ယောက်မွေးထားပြီး အကြီးက အသုံးမကြချက်ကွာ တောက်စ် "
" ကျွန်တော်က ကျွန်တော် မီးငယ်က မီးငယ် ပါ ဒယ်ဒီ မတူညီတဲ့လူနှစ်ယောက်ကို နှိုင်း
ယှဥ်စရာ ဘာအကြောင်းမှမရှိဘူး ကျွန်တော် စောက်သုံးမကြမှန်းသိရင်လည်း ဘာလို့မွေးထားသေးလဲ အူဝဲလို့ မအော်ခင်တည်းက သတ်ပြစ်လိုက်သင့်တာ "လမြတ်ဝါဆို နဲ့ လေးမြတ်ခွာညို တစ်မအေထဲက မွေးထားသော်လည်း လေးမြတ်ခွာညို ကတော့ အိမ်ရဲ့ အခွင့်ထူးခံ မင်းသမီးလေးပင်။ လမြတ်ဝါဆို ဆိုတဲ့ သူသာ ဂြိုလ်ကောင် ဘယ်နေရာမှ အသုံးမကြတဲ့ ကောင်
မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင် နောက်ဆုံး လမြတ်ဝါဆို က လူဆိုးကောင်။
CZYTASZ
တစ်ဦးဆိုင် ရပ်ဝန်း
RomansThe entire story line and character names are just the imagination of the author.