Part-1
နှင်းများထူထပ်စွာကျနေသော တောင်ထိပ်တစ်ခု။ထိုတောင်ထိပ်တွင် သက်ရှိသတ္တဝါဟူ၍ လူသုံးယောက်သာရှိလေသည်။
ရဲရဲနီနေသော ဝတ်ရုံတစ်ခုကိုဆင်မြန်းထားသော မိန်းကလေးတစ်ယောက်၊ သူမလက်ထဲတွင် ဓားရှည်တစ်ခု ကို ကိုင်ထားလျှက်။ ထိုဓားရှည်၏ ထိပ်မှ နီရဲစေးပျစ်နေသော သွေးများသည် နှင်းဖြူဖြူပေါ်သို့ တစ်စက်ချင်းစီ စီးကျနေလျက်။
သူမ ရှေ့မှ လူနှစ်ယောက်ကို ခနဲ့ပြုံးမမည်သော အပြုံးလေးတစ်ခု ပြုံးပြလိုက်လေရာ တွန့်တက်သွားသော နီရဲရဲနှုတ်ခမ်းတစ်စုံဟာ ဆွဲဆောင်မှုရှိသော်လဲ ရှေ့မှလူ၂ယောက်၏မျက်လုံးထဲတွင်တော့ စိတ်ပျက်မှုတို့သာ ကြီးစိုးသွားလေသည်။"မင်း..ငါတို့၂ယောက်ကို လွှတ်ပေးလို့မရဘူးလား ကျူးရွှယ်ဟွား"
ထိုလူထံမှ ထိုစကားထွက်လာသည်နှင့် သူ့မ၏ ရဲရဲနီသော နှုတ်ခမ်းထက်မှ ရယ်သံခပ်သဲ့သဲ့တို့က ထွက်လာလေသည်။
"ဟင်းဟင်း...လွှတ်ပေးရမယ်ပေါ့..ကျွန်မကအစတုန်းကတော့ ၂ ယောက်လုံးကို သေလမ်းပို့ပြီး လွတ်လပ်ခွင့်ပေးမလို့ပဲ...သခင်လေး အာကီဝါ ရဲ့စကားကြောင့် စိတ်ပြောင်းသွားပြီ...တစ်ယောက်ပဲလွှတ်ပေးတော့မယ်...ပြော...ဘယ်သူလွတ်လပ်ချင်လဲ"
"ဟွား..ဟွား...အစ်..ကို..တော်..တောင်းပန်ပါတယ်..အာ..အာကီဝါ ကို ဘာမှမလုပ်ပါနဲ့...အစ်..အစ်ကိုတော်ကို သတ်ချင်သတ်လိုက်ပါ...အဟွတ်..အဟွတ်...အာ..အာကီဝါကိုတော့ လွှတ်ပေးလိုက်ပါနော်"
ပြောရင်းပင် ထိုလူငယ်သည် သွေးတစ်ပွက်အန်ကျသွားလေသည်။
ထို့အတူ သူမလက် သည်လဲ လက်ထဲမှဓားအား ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်မ်လိုက်လေသည်။"ဟွိုင်ချင်း..အားတင်ထားပါ..စကားမပြောပါနဲ့...မင်းဒဏ်ရာတေ ပိုစိုးလိမ့်မယ်...ကျူးရွှယ်ဟွား...မင်း..မင်းငါ့ကိုပဲသတ်လိုက်ပါ...ဟွိုင်ချင်းကိုတော့ ဘာမှာမလုပ်ပါနဲ့...တောင်းပန်ပါတယ်...ငါဒူးထောက်တောင်းပန်ပါတယ်..."
"အိုး...ကြားမြင်နေတဲ့ဇာတ်လမ်းလေးက ကရုဏာသက်စရာပါလား..အဟက်..ဒါပေမယ့် ဇာတ်ကနေတဲ့လူတေက ရှင်တို့ဖြစ်နေလို့ ကျွန်မကတော့ မသနားမိဘူး...ဟင်း...ကောင်းပြီလေ..ဘယ်သူသေရမလဲ ရှင်တို့မဆုံးဖြတ်တတ်ရင် ကျွန်မပဲဆုံးဖြစ်ပေးမယ်"
YOU ARE READING
ချစ်လှစွာသောချစ်ရသူ
Historical Fictionficထဲက အကြောင်းအရာများသည် စိတ်ကူးယဥ်သက်သက်သာသာဖြစ်သည်။ ယုံကြည်ဖို့ရန်မတိုက်တွန်းလိုပါ။ မည်သည့်လူမျိုး၊ယဥ်ကျေးမှု ၊ဘာသာတရား..တစ်စုံတစ်ရာကို ထိခိုက်စေလိုရန် မရည်ရွယ်ပါ။ ပုံ-credit to pinterest