[Unicode]
နောက်တစ်ခေါက်ပြန်ရောက်လာခဲ့တဲ့ ဒယ်ဂူဆေးရုံ ။
ကုတင်ပေါ်မှာလဲလျောင်းပြီး ဆေးရုံဝတ်စုံထဲ မြုပ်နေတဲ့
ချစ်ရသူ ။ မျက်နှာလေးနဲ့ခန္ဓာကိုယ်က သိသိသာသာ
ချောင်ကျပြီး ပန်းရောင်သန်းနေတတ်တဲ့ နှုတ်ခမ်းပါးက
ဖြူလျော့လျော့ ။ အသားအရေကြည်လို့ အကြောလေးတွေ
အထိမြင်နေရတဲ့ လက်နုနုပေါ်မှာလည်း ဆေးသွင်းထားလို့
အပ်တစ်ခုနဲ့အပြင် အပ်ရာတွေ ။ သူ့ဘေးမှာရှိနေတာ ၊
ထယ်ယောင်းရဲ့ပိုင်ဆိုင်သူ မောင် သည်သာ ။ အမြဲ
မောင်တောင်းပန်ပါတယ် ဆိုကာ ထယ်ယောင်း ဘေး
ရှိနေပေးပြီး သူ့ကိုယ်သူပြစ်တင်မဆုံးနိုင် ။ဆိုဖာပေါ် အမြွှာနှစ်ယောက်လည်း ငြိမ်ငြိမ်ကုပ်ကုပ်လေး
ထိုင်နေကြသည် ။ မျက်နှာမကောင်းတဲ့ ဒယ်ဒီရယ် ၊
နေမကောင်းတဲ့အာပါးက သူတို့ကြောက်တဲ့ အပ်ကြီးတွေနဲ့ ။
အခြားကလေးတွေကို မသိတတ်ပဲ ပြေးလွှားကစား
နေဖို့ရာဝေး ။ အဖေနှစ်ယောက်ကို နေရာပေးပြီး
သူတို့နှစ်ယောက်သာ တိုးတိုးတိတ်တိတ်နေကြသည် ။အပြင်မှာ စားဖို့အတွက်ထွက်ဝယ်နေတဲ့ ဂျီမင် နဲ့ ဂျူရီ က
ပြန်ရောက်လာတော့ အမြွှာနှစ်ယောက်ပြေးကပ်ကာ" ဦးငယ်ယာပြီ "
" တီတီ ဂျူရီ "
ဂျီမင် နဲ့ ဂျူရီ က ကလေးထိန်းပေးရုံတင်မဟုတ် ၊
ဒီသုံးယောက်က ငယ်စဉ်ကဆို Three musketeers
လိုအတွဲညီခဲ့သူတွေဆိုတော့ တစ်ခုခုဆိုအတိုင်အဖောက်
သိပ်ညီကြသည်လေ ။" ရှုးးးး တိုးတိုးနော် ဟွန်းလေးနဲ့နီရယ် အာပါးနေမကောင်းဘူး
သိတယ်မလား "ဟုတ် ဆိုပြီးခေါင်းငြိမ့်ပြတဲ့ ဤအမြွှာတို့ကလည်း လိမ္မာ
သည်ထက်ပိုသည် ။ သူတို့လေးတွေ နေ့လည်စာစားပြီးတော့
မကပ်ရတာကြာတဲ့ ဒယ်ဒီဂျောင်ဂု နားသွားကာ အချွဲပို၏ ။" ဒယ်ဒီ ဒယ်ဒီ "
" ဟွန် သားသား "
" အာပါးက ခုထိနေကောင်းသေးဘူးယား "
" အာပါးက ခဏနေ နေပြန်ကောင်းလာတော့မှာ
ဒယ်ဒီကသေချာဂရုစိုက်ပေးမှာပေါ့ "
YOU ARE READING
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fanfiction" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...