Chapter - 74

3.7K 758 7
                                    

Unicode

တို့ဖူးစင်းကောဟင်းချို
___________________

ထန်ရှောင်းက သူ့နာမည်အတိုင်းပင် ဖြောင့်မတ်ကာ တုန့်နှေးမှုမရှိတတ်ဘဲ သင်ယူတာလည်း မြန်ပြီး ရှီချင်စားသောက်ဆိုင်နဲ့ အလျင်အမြန်ပင်ရင်းနှီးသွားခဲ့သည်။ သူက လင်ရှုယီ သူ့ကိုပြောတာတွေကို သေချာဂရုတစိုက်နားထောင်ပြီး လွယ်လွယ်ကူကူပင်မှတ်သားထားလိုက်နိုင်သည်။ ထို့နောက်တွင်တော့ သူက သူ့ရဲ့ဓားကိုင်ကျွမ်းကျင်မှုကို လင်ရှုယီအား အသေအချာပြသလာ၏။

သူချက်တဲ့ဟင်းလျာက ပညာသားပါသည့်ဓားကိုင်စွမ်းရည်လိုအပ်သည်ဟုနာမည်ကြီးလှသော ဟွေ့ယန်ဟင်းလျာဟုခေါ်သည့် တို့ဖူးစင်းကောဟင်းချိုဖြစ်သည်။

ဟင်းချိုကို ချက်ထားပြီးဖြစ်သည်။ စားသုံးသူတွေမလာခင် အချိန်အနည်းငယ်ရှိနေသေးကာ ထန်ရှောင်း ဘယ်‌လောက်တောင်ကောင်းကောင်းလေ့ကျင့်ထားသလဲဆိုတာကိုကြည့်ဖို့ လင်ရှုယီမှာ အချိန်ရော၊ စိတ်ပါရှိနေသည်မို့ သူက ထန်‌ရှောင်းကို ပါဝင်ပစ္စည်းတချို့ထပ်ပေးကာ စိတ်တိုင်းကျလုပ်စေသည်။ ဒီမတိုင်ခင်မှာ လင်ရှုယီက တို့ဖူးစင်းကောဟင်းချိုကို မမြင်ဖူးသလို စားလည်းမစားဖူးသော်ငြား ဒီဟင်းလျာက ဓားကိုင်ရာမှာ ဘယ်လောက်တောင်တင်းကြပ်တယ်ဆိုတာ ကြားဖူးထားသည်မို့ သိချင်စိတ်ပြင်းပြနေကာ ထန်‌ရှောင်းအနားမှာရပ်ပြီး စိတ်ဝင်တစားကြည့်နေခဲ့သည်။

ချောမွတ်နူးညံ့နေတဲ့တို့ဖူးတုံးတစ်တုံးကို စဉ်းနှီတုံးပေါ်တင်ထားသည်။ ထို့နောက် ထန်ရှောင်းက တို့ဖူးတွေ ဓားမှာကပ်တာကို ကာကွယ်ဖို့အတွက် ရေပိုက်ကိုဖွင့်ကာဓားပါးပါးလေးကို ရေဆေးလိုက်သည်။

သူက တို့ဖူးကို အလျားလိုက်ပိုင်းဖြတ်လိုက်ကာ နှစ်ပိုင်းဖြစ်သွားစေပြီး တို့ဖူးကို အလွှာပါးပါးလေးတွေလွှာကာ ထိုမှသည် အမျှင်သေးသေးလေးတွေဖြစ်သွားစေ၏။ နူးညံ့ချောမွတ်နေတဲ့တို့ဖူးတွေက ထန်ရှောင်းရဲ့ဓားအောက်မှာ ပါးလွှာသော်ငြား ပုံမပျက်တဲ့ အမြှောင်းရှည်ရှည်တို့ဖူးလေးတွေဖြစ်လာသည်။ ဒီအချိန်မှာ မသိသာပေမယ့် ထန်ရှောင်းက တို့ဖူးမြှောင်းတွေကို ရေထဲထည့်လိုက်တဲ့အခါ တို့ဖူးတွေက ကြည်လင်ဖြူဝင်းနေတဲ့တို့ဖူးပန်းတွေအဖြစ် ပွင့်လန်းလာတော့မလိုပင်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now