Part IV

1K 87 0
                                    

Jimin တို့ ထုံးစံအတိုင်းဆုံနေကြနေရာမှာ ဆုံကြဖို့ ချိန်းထားကြသည်.....Taehyungနဲ့ Yoongi hyung ကလဲ အဆင်ပြေလုပြေခင် အနေအထားမှာ အရာအားလုံး အဆင်ချောနေသည်.....

" ဟိုကောင် Jungkook ကလဲ ကြာလိုက်တာကွာ...."

" လာမှာပါ.....ခဏစောင့်ကြအုံးစို့လေ....စောသေးတာပဲ...."

" ကျနော့ဘေးမှာ Hyungရှိနေရင် ဘယ်ကမ္ဘာမှာပဲစောင့်ရစောင့်ရ စောင့်ပီးသားပဲ....."

" ငါအိမ်သာခဏသွားအုံးမယ်Jimin.....မင်းတို့သောက်နှင့်ကြလေ...."

Taehyungပါ မယောင်မလည်နှင့် လိုက်သွားလေသည်.....အပေါက်ဝမှာပဲ Yoongi ကိစ္စပီးတာ စောင့်နေရင်း မယောင်မလည်နှင့်အဖြေတောင်းတိုင်း ဝေ့ဝိုက်ထွက်နေသော စီနီယာHyungကို ကောင်းကောင်းကြီးပညာပေးအုံးမည်ဟု တေးထားလိုက်သည်....

" အမ်....Taehyung....မင်းက ဘာလို့ဒီမှာစောင့်နေတာလဲ...."

" ကျနော်နဲနဲမူးနေလို့....အဲ့ဒါတွဲပေးမယ့်သူစောင့်နေတာ...."

" ငါ့ကိုစောင့်နေရင် စောင့်နေတယ်မပြောဘူး....လာကူတွဲပေးမယ်....."

Taehyung ငခူပြုံးကြီးပြုံးလိုက်တာကို​တော့ စီနီယာYoongiမသိရှာ....မူးချင်ယောင်ဆောင်ပီး နံရံနားဆွဲကပ်လိုက်ပီး နှုတ်ခမ်းတို့ကို အလွတ်မပေး​တော့ပဲ တိုက်ခိုက်လိုက်တော့ အကိုက်ခံလိုက်ရပြန်သည်....

ဘယ်ရမလဲ....Kim Taehyungပါ.....တစ်ခါမရ နောက်တစ်ခါထပ်နမ်းလိုက်တော့ အနမ်းတို့ကိုပြန်လည်တုန့်ပြန်လာပုံလေးက ကြောင်လေးအစာရှာနေသည့်အတိုင်း တရှုံ့ရှုံ့နှင့်....ချစ်ဖို့ကောင်းလိုက်တာ ဟန်ဆောင်မူးနေတာတွေတောင် အကုန်ပျောက်သည်.....

Yoongi ဒီအဆိုးလေးကို ဘယ်လိုမှတားမရဆီးမရ....သူကိုယ်တိုင် မတားမိပဲလွှတ်ပေးလိုက်မိတာဆို ပိုမှန်မည်.....ဒီလူဆိုးလေးက သူ့ကို တနေ့တမျိုးမရိုးရအောင် ရင်ခုန်စေတာကတော့ သူကိုယ်တိုင်ငြင်းမရ....

" တော်တော့လေကွာ....လူတွေကြည့်နေတယ်...."

" နမ်းလို့မှမဝသေးတာHyungကလဲ..."

Taehyungအပြောထက် လက်တွေ့ကပိုမြန်သည်....Yoongiကိုယ်လုံးသေးသေးလေးက နံရံနဲ့ Taehyungရင်ခွင်ကြား မြုပ်နေပြန်သည်....ဘေးကဖြတ်သွားသူတွေကလဲ တစ်ဝိုးဝိုးနှင့်ချီးကျူးထောပနာပြုနေကြသည်....Taehyungကတော့ မရှက်မိပဲ နှုတ်ခမ်းပါးလေးကိုပဲ သဲကြီးမဲကြီးတိုက်ခိုက်နေပြန်သည်....

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now