~When I am with you, the only place I want to be is closer~
ချေမိုးက သူ့ကိုစာတွေပို့ပေးဖို့ပြောခဲ့ပေမယ့် သူ့မေးလ်လိပ်စာကိုမပေးခဲ့မိတော့ အခုလိုင်းပေါ်ရှိနေကြတာချင်းတိုက်ဆိုင်နေတုန်း ချေမိုးကိုသူ့ဘက်ကစပြီး စကားသွားပြောလိုက်သည်။
"ဟိုင်း"
"အင်း"
သူကဟိုင်းလိုက်တာနဲ့ ချက်ချင်းပဲပြန်စာလာတာကို ရည်မွန်သဘောကျမိသည်။ ဘယ်သူကမှတော့ အချေမခံကြဘူးလေ။
"ညနေက မေးလ်ပို့ပေးမယ်ပြောပြီး မေ့သွားလို့... အခုပို့ပေးလိုက်မယ်နော်"
သူ့မေးလ်လိပ်စာပို့ပေးလိုက်တော့ သူ့ဆီမေးလ်တစ်စောင် ပြန်ဝင်လာသည်။ ချေမိုးကသူလုပ်ရမယ့်အပိုင်းကိုတော့ သေသေချာချာလုပ်ထားတာပဲ။
"အိုကေတယ်။ ငါသေချာစစ်ကြည့်ပြီး အချောပြန်ပို့ပေးမယ်"
"အင်း"
သူဘာပြောပြော တအင်းအင်းပဲလုပ်နေတဲ့ချေမိုးကို စကားဆက်ပြောရင်ကောင်းမလား ၊ ဒီမှာပဲ ရပ်လိုက်ရင်ကောင်းမလား ရည်မွန်ဝေခွဲမရဖြစ်နေသည်။ သူ့ကိုတုံ့ပြန်ပြောဖို့စကားလုံးက အဲဒီလောက်ရှားသလားလို့ မကျေမနပ်လည်းဖြစ်သည်။
"ငါအိပ်တော့မယ်။ ဒါပဲနော်"
"အင်း"
"ကောင်းသောည"
"မင်းရော.."
တစ်ကယ်တော့ ချေမိုးလိုင်းပေါ်မှာစကားပြန်ပြောတာက သူ့တစ်ယောက်ထဲပဲကို ရည်မွန်တစ်ယောက်သိမှာမဟုတ်ဘူး။
"တင်"
သူ့ IG က Noti ချက်ချင်းတက်လာသည်။ ချေမိုးက Ig story အသစ်တင်လိုက်တာမို့ သူ့ဆီလည်း Noti ကရောက်လာသည်။ ဝင်ကြည့်လိုက်တော့ ဂီတာတီးထားတာကိုရိုက်ထားတဲ့ ဗီဒီယိုအတိုအထွာလေးဖြစ်နေသည်။ တီးနေတာကိုဘယ်သူဘယ်ဝါမဖော်ပြဘဲ ဂီတာတီးတာကိုအသားပေးရိုက်ထားပုံရပြီး တီးထားတဲ့သီချင်းက You are the reason....။
"မိုက်သားပဲ"
ဂီတာတီးနေတဲ့ ချေမိုးရဲ့လက်ချောင်းတွေက တော်တော်လေးလှသည်။ ရှည်ရှည်သွယ်သွယ်လေးနဲ့ လက်ပေါ်ကအကြောစိမ်းစိမ်းကိုပါ မြင်နေရသည်။ လက်နဲ့တင် တော်တော်ဆွဲဆောင်မှုရှိလှသည်။
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...