သူမ မျက်လုံးများပွင့်လာခဲ့သည်။ထိုခဏတွင် သူမသတိထားမိသည်က
"ဝါး...ဆေးရုံရဲ့မျက်နှာကျက်ကတောက်ပလိုက်တာ..."ဟူ၍။
ရှေးရေးထင်သည် ဂုဏ်မက်သူမဟုတ်သော်ငြား မျက်စိပသာဒဖြစ်သော ပစ္စည်းလေးများကို ကြည့်ရှုရင်း မျက်စိအစာကျွေးရသည်ကိုတော့ အလွန်နှစ်သက်သူဖြစ်သည်။ဒါ့အပြင် အစားအသောက်များကိုရောပေါ့။
သူမ၏လက်တစ်ဖက်ကို မြှောက်မိရာ အလွန်ပင်ပေါ့ပါးနေလေသည်။
ဟင်????
သူမမျက်ဝန်းထဲ Question markပေါင်းများစွာဖြတ်သန်းသွားသည်။၅လွှာအမြင့်ကနေပြုတ်ကျထားတာတောင် သူ့ခန္ဓာကိုယ်က ဘာလို့ပေါ့ပါးနေရတာတုန်း။ဒါ့အပြင် သူမ လက်ကလေးက အလွန်သေးသွယ်နေသည်။မသိလျှင် ၁၄နှစ်၊၁၅နှစ် အရွယ်မိန်းကလေးတစ်ယောက်၏လက်နုနုလေးများအတိုင်းပင်။
ထိုစဥ်မှာပင် အခန်းတံခါးပွင့်လာသံနှင့်အတူ
"သခင်မလေး ယွန်းဟွာ...ကိုယ်လက်သန့်စင်လို့ရပါပြီ..."
"ငါလိုး..."
ပါးစပ်ကဆဲမိမလိုပင်ဖြစ်သွားသည်။တော်သေးသည်က ခပ်တိုးတိုးအသံမို့ အလျင်အမြန်ထိန်းလိုက်နိုင်ခြင်းပင်။
စကားအဆုံးတွင် သူမ လဲလျောင်းနေသည့်ကုတင်နားသို့ အဖြူအမည်းစပ် maid dressဝတ်ဆင်ထားသော အမျိုးသမီးငယ်၃ယောက်နှင့် အသက်အရွယ်ကြီးရင့်နေသော မိန်းမကြီးတစ်ဦးက လျှောက်လာသည်။
'နေစမ်းပါဦး....ငါဆေးရုံရောက်နေတာမဟုတ်ဘူးလား...သူတို့ကဘယ်သူတွေတုန်း...ပြီးတော့ သခင်မလေးယွန်းဟွာ????....ငါကြားဖူးသလိုပဲ...'
သူမ ငိုင်နေစဥ်မှာပင် အသက်ကြီးသည့် မိန်းမကြီးက
"သခင်မလေးရှင့်...ဒီနေ့ သခင်ကြီးက ဒုတိယအမျိုးသမီးရဲ့ သားလေးကို အိမ်တော်ကိုခေါ်လာမှာဖြစ်လို့ စောစောထပြီးပြင်ဆင်သင့်ပါပြီ....မဟုတ်ရင် ရိုင်းပြရာကျပါလိမ့်မယ်...."
'ငါ ဒီဟာတွေကိုရင်းနှီးနေသလိုပဲ စဥ်းစားစမ်းပါဟာ...'
ထိုစဥ်မှာပင် သူမ လက်မောင်းပေါ်သို့ ဟမ်းစတား အဖြူကောင်လေးက တက်လာသည်။ထိုဟမ်းစတားလေးသည် အမွှေးဖြူပွပွ လုံးလုံးလေးနှင့်ချစ်ဖို့ကောင်းလှသည်။သို့သော် မျက်နှာထားကတော့ မာတင်းနေသလိုလိုပင်။ထိုဟမ်းစတားကောင်လေးသည် ရှေးရေးထင်၏လက်မောင်းပေါ်တွင်အခန့်သားခွထိုင်ကာ အရှေ့ဘက်မှလက်တိုတိုလေးများကို လက်ပိုက်သဏ္ဍာန်ပြု၍

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...