[Unicode]
သာယာတဲ့မနက်ခင်းနေတွင် မှန်ရှေ့မှာကိုယ့်ကိုကိုသေချာကြည့်နေတဲ့ကောင်လေးတယောက်
Jin-ချောလိုက်တာ ငါဆိုသည်မှာလဲ ဒီလောက်တောင်ဘာလို့ချောမောနေရတာပါလိမ့်Jinmom-ေဆာ့ဂျင်မှန်ကြည့်တာဒီနေ့ပြီးတော့မှာလား မှန်ကြီးလဲပေါက်ထွက်သွားဦးမယ်
Jin-အမေကလဲသားကသားရဲ့ချောမောလှပနေမူကြီးကိုသေချာကြည့်နေတာပါ
Jinmom-မနိုင်ဘူးတကယ်ကို လာထိုင်မနက်စာစားမယ်
Jin-ဟုတ် ဒါနဲ့လေအမေ မျက်စိမကျိန်းဖူးလား
Jinmom-ငါကဘာလို့ကျိန်းရမှာလဲ မီးအလင်းကြောင့်လား အရမ်းလင်းနေလို့လား
Jin-မဟုတ်ဘူး အမေ့သားကိုယ်ကအလင်းရောင်တွေဖြာထွက်နေတော့ အမေမျက်စိကျိန်းနေမှာဆိုးလို့လေ နေကာမျက်မှန်တပ်ဦးမလား
Jinmom-ေဒါက်...အမေကိုနောက်ပြန်ပီ စားမြန်မြန်
Jin-အားနာတယ်အမေရဲ့ အရမ်းမခေါက်နဲ့ခေါင်းကို
Jinmom-ခေါက်တော့ဘာဖြစ်လဲ
Jin-အမေ့သားခေါင်းထဲမှာမှတ်ထားတဲ့စာတွေက အမေခေါက်လိုကိတော့လန့်ပြီးထွက်ပြေးသွားရင်အမေ့အပြစ်နော်
Jinmom-ငါထပ်ခေါက်လိုက်ရ ဘယ်မှာလဲစာတွေတနေ့တနေ့ ဘယ်လိုပြသာနာရှာရမလဲ ဘယ်လိုလွဲရမလဲဘဲစဉ်းစားနေပြီးတော့
Jin-အမေကလဲပြသာနာရှာတာမဟုတ်ဘူး သားကပြသာနာတွေရှင်းပေးတာ
Jinmom-အဲ့လိုရှင်းပေးတာကိုဘဲကြောက်နေလို့ပါတော်
ဂျင်စားသောက်လို့ပြီးသွားတော့...
Jin-အမေသားဟိုကောင်တွေဆီသွားလိုက်ဦးမယ်Jinmom-ဖြည်းဖြည်းသွားဦးနော် ပြသာနာမရှာလာနဲ့ဦး ငါမရော်ပေးနိုင်ဘူး ရဲစခန်းထဲလဲလိုက်မထုတ်ပေးနိုင်ဘူး
Jin-အမေကလဲနော် သားလေးဖွေးဖွေးနုနုထွဋ်ထွဋ်လေးကို အမေမို့လို့ဒီလိုပြောရက်တယ် မသိရင်သားကြောင့်လိုက်ရော် လိုက်ရှင်းပေးနေရတာကြနေတာဘဲ
Jinmom-အမလေး မရော်ရလို့လား ငါမရောက်ဖူးတဲ့ရဲစခန်းဒီမြို့မှာမရှိတော့ဘူး လိုက်ရော်လိုက်ရှင်းနေရတာနဲ့