မဂ်လာ ခန်းမထဲတစ်ခုတွင် အနတ်ရောင်၀တ်စံုနှင့် အကို။ ငါအ ေ၀းမှ ကြည့်နေရင်းပင် မှင်သက်သက်နဲ့ေငးေနမိသည်။ခန့်ညားလိုက်တာ အကိုဆိုသည်မှာ။အကိုဘေးမှာထိုအမျိုးသမီးလေး သူကတော့ ငါရဲ့မနာလိုမှုတစ်ခု။ ငေးမောေနရာမှ ရပ်ကာ အကို့ဆီသွားပြီးဂုဏ်ပြုကြောင်းသွားပြောတော့ အကိုက ရယ်သက်သက်နှင့် နောက် မှ မုန့်ေကွျးမည်ဟုဆိုပြန်တယ်။ခက်လိုက်တာအကိုရာ။ အရင်ကဆို အကိုသည် ကလေးလိုဆက်ဆံရင်မကြိုက်တဲ့ငါ့ကို ဆံပင်ေတွခပ်ဖွဖွလေးလုပ်ကာ စလေ့ရှိသည် အခုတော့ ထိုအမျိုးသမီးအား ငဲ့ကြည့်နေရော။ ငါ့ထက် ၁၀နှစ်ကြီးသော အကိုသည် ငါ့အား အမြဲတမ်း ငယ်သည့်ကလေးနှင့်ပင် မှတ်ေနလေရောလား။အရွယ်ရောက် သည်ကိုမျက်ကွယ်ပြုထားသည်လားပဲ ငါ့ရဲ့ အရောင်ဆိုးမှုများကိုမမြင်ခဲ့ပေ အင်းး မမြင်တာလား မသိချင်ေယာင်များေဆာင်နေလေရောလားး ပဲမသိ ။ငါ့ကိုယ်တိုင်ကလဲဖွင့်မပြောခဲ့။ ဆယ်ကျော်သက်ဖြစ်သော ငါသည်ရင်ခုန်တတ်စအရွယ်မှာ ပင်အကို့ကိုသဘောကျခဲ့တယ် ငယ်တုန်းအချိန်မို့စိတ်ကစားတာလို့ ထင်ခဲ့ေသာ်လဲ နှလံုးသားကတော့ မညာတတ်ေချ။
အခုမဂ်လာ၀တ်စံုနှင့်အကို့ကိုပင် ငါအခု ရင်ခုန်နေပြန်သည်။ အကိုဘေးမှထိုအမျိုးသမီးလေးကိုတော့အားနာပါရဲ့။ငါေတွးေနရာမှရပ်ကာကြည့်လိုက်တော့ အကိုသည် ထိုအမျိုးသမီးလေးလက်ကိုတွဲကာ ပန်းခင်းလမ်းကိုေလျှာက်ေနလေပြီ။ ငါကတော့ ၔည့်သည်ေတွထားတဲ့ ေနရာမှာ။ ငါလဲတစ်ချိန်ကတေွးကြည့်ဖူးတယ်။အကိုဘေးနားမှာ ငါ့က ငါသဘောကျတဲ့အဖြူရောင်ဂါ၀န်လေးနဲ့ အကို့လက်ကိုတွဲကာ အနှစ်သက်ဆံုးသော cosmos. ပန်းခင်းကိုြဖတ်သန်းမယ်လို့။ကြည့်နေရင်းပင် ငါမျက်လံုးမှာ မျက်ရည်စတေွကပ်တွယ်လာသည်။ ဘိသိတ်ဆရာရဲ့ မေးမြန်မှုမှာ ဂတိသစၥာပြုေနသောာအကိုသည် ဂတိသစၥာပြုစရာပင်မလိုလောက်အောင် ကောင်းမွန်သောသူ။ သူ့ေရှ့ရှိအမျိုးသမီးလေးအား တစ်ဘ၀လံုးစာ အတွက် ဂတိတေွအထပ်ထပ်ပေးနေသည်မှာကြည်နူးစရာပင်။ ထိုအမျိုးသမီးလေးသည်ကံကောင်းသည်။ ဒါဆိုငါကကော ။ ငါလဲကံကောင်းသည်ပဲ ။ ငါ့ရဲ့ အချစ်ကိုအကိုမသိခဲ့ပေမဲ့ ငါဆိုသည်မှာအကိုနှင့်ေတွ့ဆံုမှုကပင် ကံကောင်းတယ်လို့ သတ်မှတ်ပြီးသားပင်။ တဖတ်သတ်အချစ်သည် ဇာတ်သိမ်းခန်းဘူးဟုမဆိုနိုင် ငါ့အတွက်တော့ မပေါင်းဖက်ရပေမဲ့လှပသော ဇာတ်သိမ်းပင်။