ကားပေါ်မှဆင်းလာသော အလှလေးအားကြည့်ကာ Min Yoongi မှာအသက်ရှုပင်မှားသွားရလေသည်...။
အစိမ်းနုနု Shirt နှင့်ကောင်လေးသည် သူ့အားတွေ့တော့ လန့်သွားပုံပင်....။
လက်ထဲမှ ပန်းစည်းလေးအားပေးကာ လှရက်လွန်းသူလေးအား နှုတ်ဆက်လိုက်ရသည်။
" Good Morning Park jimin , ကိုယ်မနေ့ကပြန်ရောက်ပေမဲ့ အချိန်နောက်ကျသွားလို့မလာလိုက်ရဘူး အဲဒါကြောင့် ဒီနေ့စောစောထွက်လာတာ"
" ဘယ်သူကလာခိုင်းနေလို့လဲ"
မျက်နှာအားဆူပုတ်ချကာ ပေးနေသည့်ပန်းစည်းအားမယူပဲ သင်တန်းဆောင်ထဲသို့ဝင်သွားတော့ အတူတူပါလာသည့် ပါးချိုင့်နှင့်လူသည် Min Yoongi အား အားနာသလိုပြုံးပြလာသည်။
" Chim လေးကနည်းနည်းရှက်တတ်လို့ဗျ...ပြီးတော့ သူကအနေအေးတော့ တော်ရုံမရင်းနှီးရင် သိပ်စကားမပြောတတ်လို့ပါ..ခင်ဗျားကပဲနားလည်ပေးလိုက်ပါ"
"ဟုတ်ကဲ့...ရပါတယ်..ကိုယ်ကစိတ်ဝင်စားရတာကိုး"
နှာခေါင်းဖြူဖြူလေးအား တချက်ကုတ်ကာ
ပြုံးစစနှင့်ဆိုလာသော Min Yoongi သည်
Chim လေးအား တကယ်ပင်သဘောကျနေပုံပင်..။အထက်တန်းတက်တုန်းက Namjoon ၏စီနီယာဖြစ်ခဲ့သော Min Yoongi သည် ဘယ်လောက်မာနကြီးပြီး ခွစာကျသည်ကို Namjoon သိသည်လေ..။
"ဒါနဲ့ ... ကျွန်တော့်နာမည် Kim Namjoon ပါ Chim လေးရဲ့အကိုလို့ပြောရင်လဲရပါတယ် ဟိုဘက်ကပန်းချီပြခန်းလေးဖွင့်ထားတာဗျ"
"ကိုယ့်နာမည်က Min Yoongi ပါ အင်ဂျီနီယာတစ်ဦးဆိုပါတော့.."
"ဟုတ်ကဲ့...ကျွန်တော် ခင်ဗျားကိုသိပါတယ်"
"ဟုတ်လား...."
ဘယ်လိုသိတာလဲဟုမမေး...။
သူ့အကြောင်းကလွဲ ဘယ်သူ့ကိုမှစိတ်မဝင်စားတတ်သော Min Yoongi သည်
Park Jimin ကိုတော့ ထူးဆန်းစွာ စိတ်ဝင်တစား ချဉ်းကပ်သည်။" ကိုယ် Park Jimin ဆီလိုက်သွားလိုက်ဦးမယ် Kim Namjoon shii"
"ဟုတ်..."
Namjoon အားနှုတ်ဆက်သလို ခေါင်းဆတ်ပြကာ
လှည့်ထွက်သွားသော ကျောပြင်အား ငေးကြည့်လိုက်ပြီးမှ Namjoon လဲ ပြခန်းကိုဝင်လိုက်ရတော့သည်။
YOU ARE READING
I hate you, I love you [Complete]
Fanficစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤