အပိုင်း ၄

171 20 8
                                    

တိတ်တဆိတ်
အပိုင်း ၄

တိုးတလျ ရုံးပိတ်ရက်လေး မြို့ထဲထွက်ခါမှ မိုးနဲ့တိုးနေသည်မို့ စိတ်ရှုပ်ရသည်။ အနီးနားရှိ ကော်ဖီဆိုင်ထဲ မိုးခိုတော့လည်း နေရာမရှိသည်မို့ လင်မယားဟုထင်ရသည့် သက်လတ်ပိုင်းစုံတွဲ၏ စားပွဲဝိုင်းတွင် ခွင့်တောင်းပြီး‌ နားနေလိုက်လိုက်သည်။ ထိုစဉ်

"ဒီမှာရှင့်... ညီမက အစ်ကို့ fan ပါ...လက်မှတ်လေးထိုးပေးလို့ရမလား"

ပန်းနှင်းပျို ကိုယ့်ဟာကိုယ် ဘာတွေလုပ်နေမှန်းလဲမသိတော့ဘဲ ပြောချလိုက်သည်။

"ကျွန်တော့်ကို သိတာလား"

ဘယ်ကမှန်းမသိသည့် အသံစာစာနဲ့ ကလေးမလေးတစ်ယောက်က စာအုပ်တစ်အုပ်အတင်းထိုးပေးကာ လက်မှတ်ထိုးခိုင်းနေသည်မို့ တိုးတလျ လန့်ဖြန့်သွားသည်။

အသံရှရှလေးနဲ့ သူ့ကိုယ်သူ ကျွန်တော်လို့ ပြောတော့ ပန်းနှင်းပျို ကြွေရပြီ။

"ဟုတ်ကဲ့... နေကြာပန်းခင်းမှာတုန်းက တွေ့ဖူးပါတယ်..."

ကလေးမမှာ သွားဖြီးကာ အားရဝမ်းသာအော်ပြောလိုက်တာကြောင့် တိုးတလျ မသိစိတ်က ထိုင်ခုံကို နောက်သို့ရွှေ့လိုက်မိသည်။

"အာ.... ဟုတ်...ကဲ့..."

"ဟုတ်..လက်မှတ်လေး...ထိုးပေးပါနော်...ဟီး "

တိုးတလျ ဘောပင်ကို အသာလှမ်းယူကာ အတွေးများနေသည်။ ဒါဘယ်လို အ‌ခြေနေကြီးလဲဟု စိတ်ထဲမှတွေးမိသည်။

"ဒီက ညီမက... တစ်ခုခုကို အထင်မှားနေတာများ ဖြစ်မလားမသိဘူး...ကျွန်တော်က ဘယ်သူမှ မဟုတ်ပါဘူး"

အားတုံ့အားနာဖြစ်နေသည့် လေသံတိုးလေးနဲ့ တိုးတလျ မရဲတရဲ ရှင်းပြလိုက်သည်။

တစ်ဖက်က ပြောလာသည်ကြောင့် ပန်းနှင်းပျို ဘာပြန်ပြောရမည်ကို အသည်းအသန်စဉ်းစားနေမိသည်။ ထို့နောက်

"ဘယ်သူမှမဟုတ်လည်း... ဘာမှမဖြစ်ပါဘူး.. လက်မှတ်လေးပဲထိုးပေးရင် ရပါပြီ"

"အော်... ဟုတ် အဲ့ဝာာဆို"

တိုးတလျ စိတ်ထဲ အတော်ထူးဆန်းတဲ့ကောင်မလေးလို့ တွေးလိုက်ကာ လက်မှတ်ထိုးပေးလိုက်သည်။

တိတ်တဆိတ်Where stories live. Discover now