အပိုင်း (၅၀) ညှို့ဓာတ်

1.5K 132 5
                                    


အပိုင်း (၅၀) ညှို့ဓာတ်

ဟွားကျူ့ယွီ အိပ်ရာအောက်ကကော်ဇောပေါ်မှာ ကသိကအောက်ဖြစ်လို့နေပြီး ပြင်းစွာသောနာကျင်မှုက သူမကို သတိလစ်မေ့မြောသွားချင်အောင် လုပ်နေတော့သည်။ သို့ရာတွင် ထိုနာကျင်မှုကပဲ သူမရဲ့စိတ်ကို အရမ်းကြည်လင်ပြတ်သားအောင် လုပ်ပေးနေ၏၊ သို့သော် ကြည်လင်ပြတ်သားလာတာနဲ့အမျှ သူမရဲ့ခန္ဓာကိုယ်ပေါ်က တဆတ်ဆတ်တုန်ခါနေတဲ့ နာကျင်မှုတစ်ခုစီတိုင်းကို သူမ ခံစားနေရတော့သည်။

ရေကန်ထဲမှထွက်ရှိလာတဲ့ ငါးလေးတစ်ကောင်ကဲ့သို့ သူမ အသက်ရှုမဝဖြစ်လာခဲ့သည်။ ကျော့ကွင်းမှာမိနေတဲ့ အကောင်ငယ်လေးတစ်ကောင်နှင့် တူလှ၏။ ကျော့ကွင်းက သူမရဲ့ခြေထောက်ကို ချုပ်ကိုင်ထားတယ်... မဟုတ်သေးဘူး၊ ကျော့ကွင်းမှာ သူမရဲ့တစ်ကိုယ်လုံး ပိတ်မိသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေတာနှင့် ပိုတူ၏။

သူမ လွတ်မြောက်ဖို့နည်းလမ်းမရှိတော့ဘူး၊ သူမ အံကိုကြိတ်ပြီး နာကျင်မှုကိုသည်းခံထားဖို့ပဲ တတ်နိုင်တော့သည်။

သို့သော် သူမ အမှန်တကယ်ပဲ ဆက်ပြီးကြာကြာ တောင့်ခံမထားနိုင်တော့ဘူး...

ဟွားကျူ့ယွီ ရုတ်တရက် လက်မောင်းကိုရမ်းပြီး ကုတင်၏ခြေတိုင်ကို "ဒုန်း"ခနဲ ထိုးပစ်လိုက်တယ်။ အကောင်းဆုံးသောသစ်သားနှင့်ပြုလုပ်ထားတဲ့ ကုတင်၏ခြေတိုင်လေးဟာ "ဂျွတ်"ခနဲ ကျိုးသွားပြီး ကုတင်တစ်ခုလုံး မြေပြင်ပေါ် ပြိုလဲကျသွားတော့သည်။ ကုတင်ပေါ်ကကျောက်စိမ်းခေါင်းအုံးလေးဟာလည်း မြေပြင်ဆီသို့ ထိုးဆင်းသွားပြီး အစိတ်စိတ်အမွှာမွှာ ပြန့်ကြဲသွား၏။ သူမရဲ့အားကြောင့် အလှမ်းမဝေးကကြွေအိုးလေးပါ ဘယ်ညာယိမ်းနွဲ့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူမ ဘေးဘီပတ်လည်ကို ဆက်ပြီးထုရိုက်နေခဲ့တာ၊ ပြိုလဲပျက်စီးသံတွေသာ ထွက်ပေါ်လာတော့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရှောင်ယင်၏တဲအိမ်ဟာ ဖရိုဖရဲဖြစ်သွားတော့သည်၊ ရှောင်ယင်မှလွဲ၍ ဘာပစ္စည်းမှ အကောင်းတိုင်းကျန်မနေတော့တာ အမှန်ပဲပေါ့။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးDonde viven las historias. Descúbrelo ahora