(14)

793 148 26
                                    

(Unicode)







ခေါင်းမှာပတ်တီးအဖွေးသားနဲ့ထယ်ဝူးဟာ လူနာကုတင်ပေါ်ကနေ နွမ်းလျတဲ့မျက်ဝန်းတွေနဲ့ Sehunကိုသနားသလိုစိုက်ကြည့်နေတယ်။သေချာကြည့်ရင် သူ့မျက်ဝန်းထောင့်မှာ မျက်ရည်စလေးတွေတောင် စို့‌နေသလားလို့...

"ဒါဆို..Sehunက အခုငါ့ကိုမမှတ်မိဘူးပေါ့..သနားစရာ ငါ့သူငယ်ချင်းလေး"

နောက်စိကို ကတုံးကွက်တုံးခံရပြီး ခြောက်ချက်ချုပ်လိုက်ရတာတောင် သူက သူ့ကိုယ်သူမသနားပဲ Oh Sehunကိုသနားနေတာမို့ ဘေးကကြည့်နေတဲ့ကျွန်တော့်မှာ ရီရခက်ငိုရခက်။

အခုထိ ထယ်ဝူးကိုတောင်းပန်စကားမဆိုပဲ ကျွန်တော့်‌ဘေးမှာ မျက်မှောင်ကြီးကျုံ့ပြီး လက်ပိုက်ကာတောင့်တောင့်ကြီး ရပ်နေတဲ့ Sehunကို တံတောင်နဲ့တွတ်လိုက်တော့ သူ့အကြည့်စူးစူးက ကျွန်တော့်ဆီမြှားဦးလှည့်လာတယ်။

"ဘာလဲ!!"

"တောင်းပန်လိုက်လေ"

ပြူးပြပြဲပြနဲ့ မျက်ရိပ်မျက်ကဲပြပေမယ့် Sehunက တုတ်တုတ်မျှမလှုပ်။ကြားထဲက ကျွန်တော်ကပဲ ထယ်ဝူးကိုအားနာလာတာမို့ အီလည်လည်အပြုံးတစ်ခုပြုံးပြလိုက်ရတယ်။

"အတန်းခေါင်းဆောင် စိတ်မရှိနဲ့နော်..ဒီကောင်က အတိတ်မေ့ပြီးကတည်းက လူမှုရေးခေါင်းပါးသွားတာ..အရင်ကလည်း မရှိဘူးဆိုပေမယ့်"

နဂိုကတည်းက ပေါ့ပေါ့ပါးပါးနေတတ်တဲ့ထယ်ဝူးက ဗွေယူပုံမရပဲ ပြုံးပြုံးကြီးနဲ့ လက်ကိုခါရမ်းပြလာတယ်။

"ရတယ်ရတယ်...ငါစိတ်ထဲမထားပါဘူး...နာလည်းမနာပါဘူး လုံးဝမနာဘူး"

မနာဘူးလို့ပြောနေပေမယ့် စောနက ထုံဆေးပြေသွားတုန်းက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတဲ့အထိ သူအော်ငိုခဲ့တာကို ပြန်မြင်ယောင်လာချိန် ကျွန်တော်Sehunကို နောက်တစ်ကြိမ် မျက်လုံးပြူးပြလိုက်တယ်။

"တောင်းပန်လိုက်လေ...အိုဆယ်ဟွန်း!"

ကျွန်တော် အံကြိတ်ပြီးခပ်တိုးတိုးပြောနေရင်းကနေ သူ့ရဲ့မလှုပ်မယက်ပုံစံကြောင့် သည်းမခံနိုင်တော့ပဲ အနားတိုးသွားပြီး သူ့ဖင်ကိုတစ်ချက်ရိုက်ပစ်လိုက်တယ်။တုန်တက်သွားပြီး မည်းမှောင်သွားတဲ့မျက်နှာထားက ထယ်ဝူးအရှေ့မှာအရိုက်ခံရလို့ ရှက်သွားတာထင်သည်။

Friend Zone's Benefits(Z+U)Where stories live. Discover now