{14}

594 128 33
                                    

Unicode

"မောင် ကျွန်တော့်ကိုကြည့်။ကျွန်တော်ပြောတာယုံပါ"

မောင်ကနီနီရဲရဲမျက်ဝန်းတို့နဲ့ ကျွန်တော့်ကိုကြည့်သည်

"ဟျွန်း....သူကမင်းကိုမောင့်ဆီက လုသွားရင်မောင်ပဲရင်ကျိုးရမှာ။မောင့်ကိုမင်းထားခဲ့ရင်ဘယ်လိုလုပ်မလဲ"

"ကျွန်တော်တို့ရိုးရိုးသားသားစကားပြောနေတာပါမောင်ရယ်...မောင်ထင်နေသလိုမဟုတ်ပါဘူး။ခါအီစကားတွေကိုဆုံးအောင်နားထောင်ပါဦးလား...ဘာလို့စိတ်လိုလက်ရဆုံးဖြတ်ရတာလဲ။အဲ့လိုတွေလုပ်နေရင် ကျွန်တော်မောင့်ကို..."

ဘတ်ခ်ဟျွန်းအော်လိုက်တော့မှ ချန်းယောလ်ငြိမ်ကျသွားပြီးခေါင်းတွင်တွင်ခါရင်း

"ဟင့်အင်း...ဟင့်အင်း...မင်းထားခဲ့မှာစိုးလို့မောင်ကပြောတာပါ...မောင်ဟျွန်းကိုယုံပါတယ်"

ဘတ်ခ်ဟျွန်း ချန်းယောလ်လက်ကလေးကိုကိုင်လိုက်ရင်း

"ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဥိီး..."

"ဟုတ်ကဲ့ခင်ဗျ"

ခါအီကိုနှုတ်ဆက်ခဲ့ပြီးမောင့်ကလေးကိုကိုင်ကာ ဘတ်ခ်ဟျွန်းနန်းဆောင်ဆီကိုဦးတည်လိုက်သည်။

"ဟျွန်း...."

"ဟင်!"

"မောင့်ကိိုစိတ်ဆိုးနေတာလား"

မောင့်မျက်ဝန်းတွေဆီကတစ်ဆင့်မောင့်စိုးရိမ်မှုတွေမြင်နေရသည်။မောင့်စိတ်တွေပြေလိုပြေငြားဘတ်ခ်ဟျွန်း မောင့်ကိုအကြည့်ချင်းဆုံလိုက်ရင်း

"မဟုတ်ပါဘူး မောင်ရဲ့..."

"စိတ်မဆိုးရဘူးနော် မောင်က စိတ်ပူလို့ပြောမိပြောရာတွေ..."

မောင်စကားမဆုံးခင်မှာ မောင့်နဖူးပေါ်ကချွေးစတွေကိုလက်ကလေးနဲ့ဖယ်ပေးလိုက်ပြီး

"အင်းပါ မောင်ရဲ့...ကျွန်တော်​မောင့်ကိုစိတ်မဆိုးဘူး။ဒါပေမယ့် ဒီကိစ္စနဲ့သာစိတ်မဆိုးတာနော် စိတ်ဆိုးနေတဲ့ကိစ္စတစ်ခုရှိပြီးသား"

"ဘာကိစ္စလဲ...မောင်ဘာလုပ်ထားမိလို့လဲ...မောင်မင်းမ​ကြိုက်တာဘာမှမလုပ်ထားဘူးနော်...မောင်ခုဆို စာကြည့်​ဆောင်လဲဝင်တယ်။ဓားရေးတွေလဲလေ့ကျင့်တယ်။လူကြီးတွေကိုလဲပြန်ခံမပြောဘူး။မောင်အိပ်ယာလဲစောစောထတယ်။မောင်ဖိနပ်တွေကိုလဲပြီးစလွယ်မချွတ်တော့ဘူး။ဟျွန်းပေးထားတဲ့နာရီလေးကိုလဲ ဘယ်မှာမှမထားခဲ့ဘူး။ပြီးတော့.... "

ANONYMOUS Where stories live. Discover now