Start & End

1.9K 156 5
                                    

ဝန်း အဲ့လိုမလုပ်ရဘူးလေ။
အဲ့လိုတွေလုပ်နေတာ ကိုယ်မကြိုက်ဘူး။

ဝန်း ဒီလ အဆင့်တွေကျသွားတယ်နော် ဘာဖြစ်နေတာလဲ စာကို ကြိုးစားမှပေါ့။

ဝန်းဘာ စားချင်လဲ။

ဝန်း ကြိုက်တယ်မှတ်လား။

ဝန်း နေမကောင်းဘူးလား ကိုယ်တူတူနေပေးမယ်။

ဝန်း မငြင်းရဘူး။ လက်ပဲလက်ခံရမယ်။

ဒီလို စကားတွေ၊ ဂရုစိုက်မှု‌တွေကြားထဲ ရှင်သန်လာနေတာ ၆နှစ်တောင်ရှိခဲ့ပြီ။

ထိုလူရဲ့ နှုတ်ခမ်းဖျားက ထွက်လာသည့် "ဝန်း" ဆိုတဲ့ နာမည်လေးက အရမ်းလှပြီး နားထောင်လို့ ကောင်းသလို အဲ့အခေါ်အဝေါ်ကဘဲ နာကျင်မှုတွေ ပေးနေတာဖြစ်သည်။

" ဟူး ဒီနေ့လည်း အရင်နေ့တွေလို ဖြတ်သန်းရ‌မှာဘဲ ဖိုက်တင်း ယန်းဂျောင်ဝန်း "

ကိုယ့်ကိုကိုယ် အားတင်းရင်း ခုတင်ပေါ်က ထ ကာ ရေချိုးခန်းထဲ သွားတော့ မှန်မှာ တွေ့လိုက်ရတဲ့ အရာတစ်ခုကြောင့် မနက်ခင်းထဲက စိတ်က လေးသွားရပြန်သည်။

အကျီ ! ညဝတ်အကျီ! Teddy bear ညဝတ်အကျီ!

ဒီအကျီကိုလည်း အချင်းချင်း သိတာ ရင်းနှီးတာ တစ်လပြည့်တုန်းက ထိုလူ ပေးထားသည့် အကျီ။
ဒီ အကျီကို မြင်တိုင်း စိတ်ညစ်ရပေမယ့် အမြဲတိုင်း လိုလို ဝတ်ထားတက်တဲ့ သူ့အကျင့်ကလည်း ဖျောက်မရ။

ပြီးတော့ စိတ်ရှုပ်စရာတွေက ဒါနဲ့တင်မပြီးသေး။

ခေါင်းဖြီးလိုက်တဲ့ အခါ အထွေးလိုက်ပါလာတဲ့ ဆံပင်တွေ။

ငယ်ငယ်ထဲက ဆံပင်သန်ခဲ့ပေမယ့် ဒီလိုတွေ ခေါင်းဖြီးတိုင်း ပါပါလာတက်တဲ့ ဆံပင်တွေကြောင့် ဒီနှစ် သိသိသာသာ ဆံပင်တွေ ပါးလာခဲ့သည်။

" ဟူးးး ဒီနေ့လည်း အများကြီးပါပဲလား? ခဏပါပဲ ဒါတွေက မကြာခင် ပျောက်တော့မှာပါ "

ရေမိုးချိုး သန့်စင်ပြီး ဗီရိုထဲက ကျောင်းဝတ်စုံက်ု သပ်သပ်ရပ်ရပ်ဝတ်ကာ မှန်ထဲ ကြည့်နေမိပြန်သည်။

" ပိန်သွားပြန်ပြီ! အရင်လကထက် ! ထားပါ ဒါတွေကလည်း မကြာခင် ပျောက်တော့မှာပဲကို  ဒီနေ့လည်း အကောင်းဆုံး ကြိုးစားခဲ့ ယန်းဂျောင်ဝန်း ဖိုက်တင်း "

L A T EWhere stories live. Discover now