သုံးနှစ်ခွဲအရွယ် MiaoMiao သည် လူကုန်ကူးသူများ၏လက်မှ ကယ်တင်ခြင်းခံရပြီးနောက် အလွန်ချမ်းသာသောဝမ်မိသားစုတစ်စုလုံးက သူတို့မျက်စိအောက်မှ အပျောက်မခံတော့ပေသို့သော် ထူးဆန်းမှုများပေါ်ပေါက်လာသည်
အဖေဝမ်သည် အစည်းအဝေးတစ်ခုပြီးဆုံးပြီးနောက် ကုမ္ပဏီသို့သွားရန် အဆင်သင့်ဖြစ်နေချိန်တွင် MiaoMiao သည်သူ၏အဝတ်အစားများကိုဆွဲကာ
နှုတ်ခမ်းဆူပြီး"အဖေ ရောဆေးမစစ်ဘူးဆိုရင် သမီးလဲစစ်ဆေးဖို့မသွားဘူး။ "
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းသမီးလေးပြောသမျှကိုငါနားထောင်မယ်"
ထို့ကြောင့် ကျန်းမာရေးစစ်ဆေးစဉ် အဖေဝမ်သည် အစောပိုင်းအဆင့် ၁ အဆုတ်ကင်ဆာရှိသည်ကိုတွေ့ရှိခဲ့သည်။ အချိန်မီတွေ့ရှိမှုကြောင့် ဖခင်ဝမ်သည်လျင်မြန်ချောမွေ့စွာ ပြန်လည်သက်သာလာခဲ့သည်။
အစ်ကို Wen သည် အားလပ်ရက်အပန်းဖြေရန်သူ၏ဇနီးနှင့်သားများကို နိုင်ငံခြားသို့သွားရန်စီစဉ်ခဲ့ပြီးလက်မှတ်များအားလုံး ကြိုတင်မှာထားသော်လည်း MiaoMiao သည် သူမ၏တူများနှင့်အတူရှိလိုသောကြောင့် နောက်ဆုံး၌သူတို့၏ ဦးတည်ရာကိုပြောင်းလိုက်သည်။
အစ်ကို Wen က ဆူပူေနသော MiaoMiao ကိုညင်ညင်သာသာပုတ်ပြီး "အားလပ်ရက်မှာ ဘယ်သွားသွားအတူတူဘဲ၊ ဒါကြောင့် MiaoMiao ပြောတဲ့အတိုင်းငါတို့သွားကြမယ်"
ထွက်ခွာရန်စီစဥ်ထားသည့်နေ့က လေယာဉ်ပျက်ကျခဲ့ရာမအသက်ရှင်ကျန်ရစ်သူတစ်ဦးမှ မရှိပါ။
ဝမ်မိသားစုက သူတို့ရဲ့နုံနဲ့ပြီးအပြစ်ကင်းစင်တဲ့သမီးဆီ ဦး တည်ကြည့်ပြီး သူမဟာသူတို့ရဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေးပါ။
ထိုအချိန်မှစ၍ ဝမ်မိသားစု၏ MiaoMiao သည်ဝမ်မိသားစု၏ကောင်းကင်၊ ဝမ်မိသားစုမြေကြီးနှင့် ဝမ်မိသားစု၏အမှန်တရားဖြစ်သည်။
***
MiaoMiao မှာ System လို့ခေါ်တဲ့ကျဲကျဲတစ်ယောက်ရှိတယ်၊ ဒါပေမယ့်ဘယ်သူမှမသိပါဘူး။ဒါကသူရဲ့လျို့ဝှက်ချက်လေးပါ။
Systemကျဲကျဲ ကသူမအားသူမမိသားစုနှင့် အတူရှိသရွေ့သူမသည်သူမမိသားစု၏ကြွယ်ဝမှု၊ ဆွဲဆောင်မှု၊ ကျန်းမာရေး၊ ကံတရားနှင့် သူတို့၏ကြေကွဲဖွယ်အနာဂတ်တို့ကိုပင်တိုးတက်စေရန် သူမ၏မိသားစု၏ရင်းနှီးမှုတန်ဖိုးများကိုသုံးနိုင်သည်။
MiaoMiao သည်သူမ၏မိသားစုကံကြမ္မာကိုပြောင်းလဲရန် အမြီးသေးသေးလေးဖြင့် မမောတမ်းအလုပ်လုပ်ခဲ့သည်။ သူမသူငယ်တန်းသို့ ရောက်လာသောအခါ ဝသောကောင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
သူငယ်တန်းကကလေးတွေဟာ ဝတဲ့သူ့ကိုအနိုင်ကျင့်ကာရယ်ကြတယ်။ MiaoMiao ကသူ့ကိုကာကွယ်ဖို့ချက်ချင်းသူ့ရှေ့မှာရပ်လိုက်တယ်။
"ဒါဆိုသူကအဆီကျရင် အရမ်းကြည့်ကောင်းလာမှာ"
MiaoMiao သည် Systemကျဲကျဲက အဆီကျပြီးကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်သည်ကိုတွေ့ရှိသောအခါ MiaoMiao သည်မဆိုင်းမတွဘဲ သူ့ကိုကူညီရန်ရွေးချယ်လိုက်သည်။
ပိန်လာပြီးနောက် သူသည်ချောမောသောကောင်လေးတစ်ယောက်အဖြစ်လူသိများလာပြီးသူလည်းကောင်းစွာနာမည်ကြီးလာသည်။ ပြီးနောက်သူသည် MiaoMiao နှင့်အတူကြီးပြင်းလာခဲ့သည်။
ကြီးပြင်းလာပြီးနောက် MiaoMiaoရဲ့လက်ကို ကိုင်ထားပြီ ငါ့ချစ်သူဖြစ်ပေးပါလို့ အပြောခံလိုက်ရသည်။
YOU ARE READING
The richest daughter is three and a half years old
RomanceTotal chapter 79 System ကျဲကျဲနဲ့ MiaoMiaoကြားက ဆက်နွယ်မှုလေး