Ep7~I am not innocent of my heartbeat~

1.8K 98 3
                                    

~When I saw you I am sure I am in love with you and I smiled because I knew I am like a crazy~

"ချေမိုးက ဘယ်လိုလုပ်ပြီး.."

"ပြီးရင် ပြောပြမယ်"

ရည်မွန်တစ်ကယ်ပဲ​ တော်​တော်​လေး အံ့​သြသွားသည်။ ခွန်းက သူ့ဆီခဏလာလည်မယ်လို့ပြောထားတော့ နေ့လည်စာအပြင်မှာစားဖို့ ချိန်းလိုက်တာဆိုပေမယ့် ချေမိုးကခွန်းနဲ့တူတူပါလာမယ်မှန်းတော့ သူမသိခဲ့ဘူး။ ခွန်းလည်း သူ့ကိုကြိုမပြောပြထားတာကြောင့် စပရိုက်ကကြီးမားလွန်းသည်။ သူနဲ့ချေမိုးရဲ့အခြေအနေက ပိတ်ရက်မှာတွေ့ဆုံပြီး နေ့လယ်စာတူတူသွားစားကြတဲ့အခြေအနေမျိုးမှာမှမရှိတာ။ ဆိုတော့..နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်​နေသည်။

"အိမ်ကိုစောစောပြန်ခဲ့နော်သား"

"ဟုတ်အမေလေး"

ခွန်းက အပြန်ကိုသူလိုက်မပို့နိုင်ဘူးဆိုလို့ ရည်မွန်ကိုယ့်ကားကိုယ်မောင်းပြီး စားသောက်ဆိုင်ဘက် ဦးတည်လာခဲ့ရသည်။ ကျောင်းပိတ်ရက်မို့ ပျင်းနေတာနဲ့ ခွန်းချိန်းတာကိုလက်ခံခဲ့တာဆို​ပေမယ့် ခုတော့ သက်သာသက်သာမဖြစ်တဲ့အပြင် ပိုပြီးတောင် နေရခက်တဲ့အခြေအနေကို ရောက်နေသည်။ ကားနှစ်စီးလုံးဆိုင်ရှေ့ထိုးလိုက်ပြီး ဆိုင်ထဲဝင်သွားလိုက်ကြသည်။

"မင်းပြောနေကြဆိုင်လား"

"အင်း။ ဒီကအစားအသောက်တွေကို ငါတအားသဘောကျတယ်"

"ပင်လယ်စာအဓိကလား"

"ဟုတ်တယ်။ လုံးဝလတ်ဆတ်တယ်။ အရသာရှိတယ်။ ငါမကြာခဏ လာလာစားဖြစ်တယ်"

ဆိုင်အပေါ်ထပ်ကိုတက်သွားပြီး ပြတင်းပေါက်နဲ့ကပ်လျပ်ရှိတဲ့ဝိုင်းကို သူတို့ရွေးထိုင်လိုက်သည်။ ဒီဆိုင်ကနေ မြင်ရတဲ့မြင်ကွင်းတွေက သိပ်လှသည်။ နေ့လည်ပိုင်းဖြစ်နေတော့ လူအရှင်းကြီးမဟုတ်ပေမယ့် ညနေပိုင်းထက်စာရင်တော့ မရှုပ်ဘဲ သက်တောင့်သက်တာရှိသည်။

"ဘာစားမလဲ"

ရည်မွန်ကစ​ပြီး ခွန်းနဲ့​​ချေမိုးကိုမေးလိုက်သည်။ သူကတော့ ပင်လယ်စာစားချင်တာကြောင့် ခွန်းကိုဒီလာမယ်လို့ကြိုပြောထားပေမယ့် အနည်းဆုံးတော့ သူတို့ဘာစားချင်လဲလို့ ဝတ္တရားအရမေးရတာပေါ့။

Rain💛Moon (Completed)Where stories live. Discover now