မနက်ခင်း နေရောင်ခြည်ဟာ ပြတင်းပေါက်ကို ဖြတ်ကျော်ပြီး ကုတင်ပေါ်မာရှိတဲ့ အဖြူရောင်လူသားဆီ ကျရောက်ခဲ့သည်။
အဖြူရောင်လူသားလေးဟာ နေမင်းကြီး၏ကျီစားမှုကြောင့် တစ်ဖြေးဖြေးလှုပ်ရွလာခဲ့သည်။
"ကူးငယ် ထတော့လေ ခဏနေ ထယ်လေး လာတော့မယ်မလား"
"အင်း...မာမီကလည်း"
"ဟောငုတ်တုပ်ထိုင်ပြီး အိပ်နေပြန်ပြီ"
တီးတီး
"ဟော ထယ်လေးတောင်လာနေပြီ"
"ထယ် အား ထယ်နဲ့ချိန်းထားတာမေ့နေတယ် မာမီကလည်းစောစောမနှိုးဘူး"
"ဟောတော် ကျွန်တော်မျိုးမ နှိုးပါတယ်နော် ကိုယ်တော်ကသာမထတာ"
"အားမသိဘူး နောက်ကျနေပြီ"
"ဟဲ့ အော် ပြုတ်ကျတော့မာပဲ ဒီကလေးနှယ်"
ရေချိုးခန်းထဲပြေးဝင်သွားသည့် သားတော်မောင်ကိုကြည့်ရင်း ခေါင်းရမ်းမိသည်။
အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းထဲတွင် ထယ်လေးကဝင်ထိုင်နေသည်။
"သားရေ မင်းညီကတော့ အခုမှထတယ်ကွယ် ခဏစောင့်လိုက်ပေါ့ ပြင်ဦးဆင်ဦးမာနဲ့ဆိုတော့"
"ရတယ်မား ကျွန်တော်ကြိုသိလို့ စောထွက်လာတာ"
"မနက်စာ ကူးငယ်နဲ့တူတူ စားသွားမလား"
"မစားတော့ဘူး ဂျွန်က အပြင်မာ စားမယ်ဆိုလို့"
"အေးကွယ် မင်းလည်း ကူးငယ်နှိပ်စက်သမျှခံနေတော့တာပဲ"
"အာ မာမီကလည်း ကူးငယ်က ဘယ်မာနှိပ်စက်လို့လဲ"
"မဟုတ်လို့လား မသိရင်ခက်မယ် အလုပ်နားရက်လေးကို တစ်ရက်လုံး အချိန်ပေးခိုင်းတယ်ဆိုတော့ အဲ့တာနှိပ်စက်တာပဲဟာ"
"မာမီကလည်း ကူးငယ်ကို စိတ်ဆိုးအောင်လုပ်လို့ ပညာပေးတာပါနော် "
"ဟုတ်ပါပြီ သိပ်လည်းအနိုင်မကျင့်နဲ့ဦး ဟိုကမိန်းမယူသွားမှ ဆိုးစရာလူမရှိပဲနေမယ်"
"မယူရပါဘူး ထယ်က ကူးငယ်အနားမာ အမြဲရှိမာ ထယ်ပြောလိုက်လေ ထယ်ကမိန်းမမယူဘူးလို့"
"မယူပါဘူးဗျာ ဂျွန်ဆိုးသမျှ သည်းခံပါ့မယ်ဗျာ"
"တွေ့လား ထယ်ကကူးငယ် စကားနားထောင်ပြီးသား"
"အေးပါဟယ် ကျွန်တော်မျိုးမ မှားတာပါ နှစ်ယောက်သား လိုက်လည်းလိုက်တယ် "
"လာထယ်လာ သွားမယ် ဟွန့်"
"အမယ် အမယ် ကျမ်းဒီကလေး ကြိမ်လုံးစာမိတော့မယ်"
"မား ကျွန်တော်တို့သွားတော့မယ်နော်"
"အေးအေး ကောင်းကောင်းသွား"
"ထယ်ကလည်း မြန်မြန်မလာဘူး ဗိုက်ဆာနေပြီကို"
"လာပါပြီဗျာ"
ကားတံခါးကိုဖွင့်၍
"သခင်လေး တက်တော်မူပါခမျ"
"မောင်မင်းတော်တယ်"
ပြတင်းပေါက်ကနေ အပြင်ဘက်ကို
ကြည့်၍ အတွေးတွေများနေသည်။
*မာမီ ပြောသလို ထယ်မိန်းမယူမယ်နဲ့တူတယ် တွေးကြည့်ရုံနဲ့တင် ပူလောင်လိုက်တာ တစ်ဖက်သတ်တဲ့ တစ်ဖက်တည်းကိုသတ်သွားတာ*
"ဂျွန် ဘာစားမလဲ"
"ဂျွန်....ဂျွန်"
"ဟမ် ဟမ် ထယ်ဘာပြောလိုက်တာလဲ"
"ဂျွန်ဘာစားမလဲလို့ ဘာတွေတွေးနေတာလဲ"
"အာ ဘာမှမတွေးပါဘူး ပဲခေါက်ဆွဲစားချင်တယ်"
"ဟုတ်ပြီဗျာ သခင်လေး အလိုရှိသလို ဖြစ်လာပါမယ်ဗျာ"
"ခစ် ခစ် ခစ်"
*ထယ်ကို ချွဲရတာ ပျော်တယ် ထယ့်ကိုချွဲလို့ ထယ်ကကိုယ့်ထက်ကြီးတယ်မထင်နဲ့ ထယ်က 30.12.1997 ဂျွန်က 1.9.1997 3လတောင် ထယ်ကငယ်တယ် အမေတွေကသူငယ်ချင်းတွေဆိုတော့ ငယ်ငယ်လေးကတည်းကခင်လာတာ အနိုင်ယူလာတာပေါ့ ထယ်မာလည်းသူငယ်ချင်းရှားသလို ဂျွန်မာလည်းသူငယ်ချင်းရှားတယ် ထယ်သူငယ်ချင်းရှားတာ ဂျွန်ကြောင့် ဘာလို့ဆို
ဂျွန်က အတ္တကြီးတယ် ကိုယ်ကိုအလိုလိုက်သလို တစ်ခြားလူကိုအလိုလိုက်တာ မကြိုက်ဘူး ကိုယ့်တစ်ယောက်ထဲပဲဦးစားပေးတာကြိုက်တယ်*
တွေးရင်းငေးရင်းနဲ့ ပဲခေါက်ဆွဲဆိုင်သို့ ရောက်ရှိလာခဲ့သည်။
"သခင်လေး ဆင်းပါခမျ"
"ခစ်ခစ်"
ဆိုင်ထဲသို့ ဝင်ရောက်လာတဲ့ ကောင်လေးနှစ်ယောက် ထိုခဏမာ ဆိုင်ထဲရှိ လူတွေအားလုံးရဲ့ အကြည့်တွေဟာကျရောက်လာခဲ့သည်။
မိန်းခလေးတွေရဲ့အကြည့်ကတော့အရှေ့ကနေ ခန့်ညားပြီးအရပ်ရှည်ရှည်နဲ့ကောင်လေးဆီမာ