".....မနက်ခင်း... စပြီဆိုထဲက...
ကျွန်တော့် စားပွဲပေါ်မှာ.. လက်မှတ်ထိုးရန်တင်ထားသော.. files များစွာက စောင့်ကြိုလို့ နေပြီ..
ဟူး...လို့ တချက် သက်ပြင်းချပြီးနောက်.. File များ စွာ ရဲ့ အရေးကြီး အချက်အလက်များစွာကို သေချာ စီစစ်ကာ လက်မှတ်တချက်စီ ထ်ိုးပေးရင်း ရေရွတ်မိသည်... Jimin hyung သာ ငါ့ဘေးနား ရှိနေပေးရင် ကောင်းမှာပဲ လို့......"အလိုက်မသိစွာသော မျက်ရည်စတို့က Jimin hyung နမည်စဥ်းစားရုံ ညည်းတွားရုံနှင့်.. မျက်တောင်တို့မှာ တွဲခိုနေလေ သည်..
"ကျွန်တော် လူမသိပဲ ငိုခဲ့ရတာ ညများစွာ.. အမှောင်ခန်းထဲ တယောက်ထဲ အိပ်စက်ရင်း.. အိပ်မက်ဆိုးတို့က ညအမှောင်ထဲက သတ္တဝါဆိုးတကောင်လို နှောင့်ယှက်တုံး.. မသွားပါနဲ့.. မထားခဲ့ပါနဲ့ ဆိုတဲ့ မျက်ရည်တွေနှင့် စကားလုံးတွေက အိပ်မက် မက်တိုင်း ကျမိတာ အကြိမ်ကြိမ်.. လှိုက်တက်လာသော ဝမ်းနည်းမှုတို့က နေ့ရက်တွေ နှစ်တွေ သာ ကြာပါစေ ပြောင်းသွားပါစေ ခံစားချက်တို့က ခုထိ မပြောင်းလဲသေး............"
"ကျွန်တော် US မှာ ကျောင်းသွားတက်ခဲ့တာ ခြောက်နှစ်.. ကျောင်းပြီးထဲက အဖေ့နေရာ ကိုကိုယ်စားတာဝန်လွှဲပြောင်းယူခဲ့တယ်..ကျွန်တော် CEO နေရာကို လွှဲယူလိုက်ရတာဟာ ကျွန်တော်တပ်မက်နေလို့ မဟုတ်.. ကျွန်တော့်မှာ ဒီ company ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လေ တယောက်သောသူတာ ပြန်ရောက်လာခဲ့ရင် ပိုင်ရှင်ထံ ပြန်အပ်နှင်းရမည်မလား...."
"ဟုတ်ပါတယ် ဒီ company အဖေရဲ့ မသမာမှု ရလဒ်ကြောင့် တဖြေးဖြေး တိုးတက်လာပြီး Project အောင်မြင်ပြီးနောက် ခုလို ရပ်တည်လာနိုင်ခဲ့တယ်...ကျွန်တော့် အဖေ နောင်တ ရနေပြီလားဆိုပြီး တခါတရံ တွေးမိပေမဲ့.. ကျွန်တော် အတွေးနဲ့တခြားစီ.. အဖေက.. နောင်တမရဘူးတဲ့လေ..သူ့သယ်ရင်းကိုသတ်ပြီး သူငယ်ချင်းကိုယ်စား ဒီ project ကိုအောင်မြင်အောင်လုပ်နိုင်လို့ ဂုဏ်တောင်ယူ မိသတဲ့... ဟင်း..ရယ်စရာမကောင်းဘူးလား...."
"အဲဒါတွေကြောင့်ပဲ.. အိမ်မှာမနေချင်လို့ နိုင်ငံခြားမှာပဲ သွားနေခဲ့တယ်..ကျွန်တော်ပြန်ရောက်ထဲက.. Korea မှာ အတော်ဆုံး Agent ငှားပြီး hyung ကို ရှာနေပေမဲ့ hyung က အပုန်းတော်တယ်ပြောရမလားပဲ.. ခုထိမတွေ့သေးဘူး..ဘယ်မှာများရောက်နေလဲ hyung ရယ် ခုလို ကျွန်တော် ပင်ပန်းတဲ့ ချိန်တွေမှာ Hyung ပေါင်လေးပေါ် မှေးစက်ရင်း အိပ်စက် ချင်မိသား...."
YOU ARE READING
"A Promise For Love🤙"[Completed]
FanfictionIntro....🤙 ကတိဆိုတာ လွယ်လွယ်နဲ့ထားခဲ့တာမဟုတ်ဘူးမလား........။ Hyung.. ဘာပဲ ဖြစ်ဖြစ် Hyung ကျွန်တော့်ဆီတနေ့ ပြန်ရောက်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပြီးစောင့်နေပါ့မယ်..... ။ (Unicode+Zawgyi) Intro....🤙 ကတိဆိုတာ လြယ္လြယ္နဲ႔ထားခဲ့တာမဟုတ္ဘူးမလား...