"မောင်..."
ကြားလိုက်ရသည့် ခေါ်သံဟာ ကျွန်တော့်ကို ရင်ခုန်သွားစေသည်။အသံက နူးနူးညံ့ညံ့ ၊ ညက်ညက်ညောညော ၊ မတိုးမကျယ် ။ စိတ်လှုပ်ရှားစွာ အသံလာရာလေးကို လှည့်ကြည့်လိုက်တော့ ချစ်ရပါသောက ခေါင်းလေးငုံပြီး မျက်လုံးတွေကို အောက်ပို့ထားတယ်။ နားရွက်တွေလည်း နီလို့ပါပဲ ။သိပ်ရှက်နေတယ်ထင်ပါရဲ့ ။
ကျောင်းလမ်းလေးအတိုင်း လျှောက်လာတုန်း သူ့ကိုတွေ့လို့ နောက်မှ လိုက်တာထင်တယ် ။ မနေ့က "မောင် "လို့မှ မခေါ်ရင် စကားပြန်မပြောတော့ဘူးလို့ ခြိမ်းခြောက်လိုက်တာ ထိရောက်ပုံပါပဲ ။
အိမ်နေရင်း ၀တ်စုံ အပွသားလေးကို ၀တ်ထားပြီး မျက်နှာနီနီနဲ့ သူ့အား မော့ကြည့်လာတဲ့အစ်ကို ။ သိပ်ကိုမက်မောဖို့ ကောင်းတာပဲ ။ ဒီလောက်သေသွယ်ပြီး ဖြူအုတဲ့ ခန္တာကိုယ်က လေတိုက်ရင်တောင် လဲကျသွားမလားစိုးရိမ်ရတယ် ။ ဒီလို နုနုဖက်ဖက် ၊ ချစ်စရာကောင်းသည့် အစ်ကို့ကို ဘယ်သူက အသက်သုံးဆယ်အရွယ်လို့ ယုံနိုင်မှာတဲ့လဲ ။
"အစ်ကို ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ ။ ကျွန်တော်မကြားလိုက်လို့ "
ဘေးတစောင်းလွယ်ထားသည့် ကျောပိုးအိတ်အား နှစ်ဖက်အနေအထားပြင်လွယ်ပါရင်း သူခပ်ညစ်ညစ်ဆိုလိုက်တယ်။ ထုံးစံအတိုင်း အစ်ကိုကတော မျက်နှာလေးရဲပြီး ရှက်နေတာပေါ့။ ခုနကကြားလိုက်ရသည့် တစ်ခွန်းကိုပါ တော်တော်ကြိုးစားပြီး ခေါ်ထားရပုံပဲ ။ ဘာလို့ ယောကျ်ားလေးတစ်ယောက်ဟာ အဲ့လောက် အရှက်အကြောက်ကြီးရတာပါလဲ ။
"မခေါ်ဘူးလား ။ မခေါ်ရင်ကျွန်တော်သွားတော့မယ်"
စိတ်ဆိုးသည့် ပုံစံဖြင့် ခပ်ဆတ်ဆတ်လေးပြောကာ သွားဟန်ပြင်လိုက်တော့လည်းအစ်ကို့ရဲ့ လက်သေးသေးလေးတွေဟာ သူ့အင်္ကျီစကို လာဆွဲသည်။ မျက်လုံးလေးကို သူ့ထံမရဲတရဲမော့ကြည့်ပါရင်း ပေကလက်ပေကလက်လုပ်နေ၏။
"မောင်.."
ချစ်သူသက်တမ်းတစ်နှစ်ပြည့်မှ ကြားရသည့် နာမ်စားပါ။ အမြဲတမ်း ဒီနာမ်စားလေးခေါ်ခံရဖို့ အစ်ကို့ကို တိုက်တွန်းမိပေမယ့် အစ်ကိုကတော့ ဘာတွေရှက်လို့ရက်မှန်းမသိကာ ခေါင်းသာခါသည်။ အနေအေးပြီး အားနာတတ်တဲ့ အစ်ကို့ကြောင့် သူ့မှာ အမြဲစိတ်မချဖြစ်ရ၏။