Part-5 (Z and U)

681 142 4
                                    

Unicode

" ဟေ့ကောင် မင်းရပ်စမ်း"

"အား ချီးပဲ"

"လိုက်ကြ အကုန်လုံး"

‌အော်ဟစ်သံများက ညဉ့်နက်နေသော ပတ်ဝန်းကျင်ကို လွှမ်းမိုးလို့သွားသည်။
တဝေါဝေါ တိုက်နေသော လေပြင်းတို့ကြား
အင်္ကျီများပင် လွင့်ထွက်မတတ် ပြေးလွှားနေကြသူတချို့။ တုတ်တံရှည်များကို လက်က ကိုင်ထားကြသူတစ်ချို့က တုတ်များကိုလွှဲခါင်း ပြေးနေသူအုပ်စုထဲ လိုက်နေကြသည်။

ဆိုးလ်မြို့ရဲ့ အစွန်အဖျားကတော့
ဆူညံမှုတွေနှင့် ပြည့်နှက်နေပြီး မီးရောင်ဝါဝါများက မတရားမှုကျူးလွန်သူတို့အား ဆလိုက်မီးသဖွယ် မီးမောင်းထိုးပြထားသည်။

အုပ်စုလိုက် အနုကြမ်းစီးသူအဖွဲ့အားခြေရာခံဖမ်းဆီးခြင်း ( ည ၁၁နာရီ ၂၃)

ဗဟိုရုံးအထိ ရောက်လာသော အမှု။
မိသားစု သုံးဦးထက်မနည်း အတိုက်ခိုက်ခံရပြီး အိမ်ရှင်မဖြစ်သူ သေဆုံးခဲ့သော
အနုကြမ်းစီးမှု ဖြစ်ပွားပြီး တစ်လအကြာ။

ကွင်းဆက်ကျူးလွန်မှုမှာ မိသားစုသုံးစု
တိုက်ခိုက်ခံခဲ့ရပြီး အသက်သေဆုံးသူ
အမျိုးသား၂ဦးအပါအဝင် အားလုံး ၅ဦး။
မီဒီယာရဲ့ စိတ်ဝင်စားမှုမြင့်တက်လာတာနဲ့အတူ အမှုရဲ့ဖိအားက ပိုမို ပုံကျလာခဲ့သည်။

သိန်းနဲ့ချီသော အသနားခံစာတွေကြားထဲမှာ
တရားဝင်တာဝန်ပေးခံရတာ တစ်ခုတည်း။
တောင်ကိုရီးယား လုံခြုံရေးအရာရှိများအနေနှင့်မတရားသော အမှုအတွက် သေချာပေါက် အပြစ်ပေးဆပ်ရမဲ့သူများကို ဖမ်းဆီးအပြစ်ပေးရမည်။

ဆိုးလ်မြို့ ပင်မထောက်လှမ်းရေး
အသင်း A က နေ့မအား ညမအား တစ်လတိတိ အသွင်ယူထောက်လှမ်းရေးများပြုလုပ်ခဲ့ပြီးနောက်မှာတော့ တရားခံကွင်းဆက်ကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ရောထွေးသွားသော ဆူညံမှုများနှင့်အတူ
ရိုက်နှက်သံ၊ ခုခံသံများ ‌အုတ်အော်သောင်းနင်း ဖြစ်လို့လာသည်။
တော်ရုံဂိုဏ်းမဟုတ်တာကြောင့် လက်နက်ကိုင်ဆောင်လာသူ ပါနိုင်၍
သူတို့ကို အတင်းတိုးမဝင်ဖို့ တာဝန်ပေးခဲ့ပေမဲ့
နာမည်ကြီး အဖွဲ့ဖြစ်တာနဲ့အညီ အနိုင်ယူချင်စိတ်များကသာ ရှေ့ရောက်နေခဲ့သည်။

CASE NO 1001 (COMPLETED)Where stories live. Discover now