Unicode
ကြက်သားဆားအုံး
______________ကံကောင်းစွာဖြင့် ဒုတိယနေ့တွင် လူနည်းသွားလေ၏။ မနေ့က သူတို့ဆိုင်ပြန်ဖွင့်တာ ပထမဆုံးရက်ဖြစ်နေတာကြောင့် လူအရမ်းများနေရခြင်းဖြစ်သည်။ ဒုတိယနေ့မှာလည်း လူများနေဆဲဖြစ်သော်ငြား မနေ့ကလောက်အလုပ်မများတော့ဘဲ ဒါက ရှန်ဖူ့ရည်ရွယ်ချက်နဲ့ မယှဉ်နိုင်လောက်အောင်ပင်ကိုက်ညီလျက်ရှိသည်။ သို့သော်ငြား လင်ရှုယီသည်လည်း ဆိုင်မှာစားသုံးသူသိပ်မရှိတော့ရင်တောင် ဝန်ထမ်းနည်းနည်းထပ်ခေါ်ဖို့လိုတယ်ဆိုတာနဲ့ ချက်ရခက်ခဲတဲ့ဟင်းလျာတွေကို အဆုံးမရှိချက်ပေးလို့မရနိုင်ဘူးလို့ တွေးနေ၏။ သူက ရှုပ်ထွေးပြီးခက်ခဲတဲ့ဟင်းလျာတချို့ရဲ့ကုန်တွေကို ကန့်သတ်ပြီး အရင်လာအရင်ရဆိုတဲ့စနစ်နဲ့လုပ်ဖို့ စီစဉ်နေသည်။ ဒါက အချိန်ကုန်သက်သာစေပြီး သူလည်း အရမ်းကြီးအလုပ်များတော့မည်မဟုတ်ပေ။
ပိုက်ဆံရှာရတဲ့သူ့ရဲ့မူလရည်ရွယ်ချက်က အဖိုးအိုယန် ပိုကောင်းကောင်းနေနိုင်စေဖို့ဖြစ်သည်။ သူက သူနဲ့ရှန်ဖူရဲ့အနာဂတ်အကြောင်း တွေးနေတုန်းဆိုပေမယ့် အဆုံးမှာ ပိုက်ဆံရှာတာတစ်ခုတည်းလုပ်မှာမဟုတ်ပေ။
ဒီလိုတွေးတာက မှန်တယ်လို့ ရှန်ဖူကတွေးသည်။ လင်ရှုယီသာ သူ့စိတ်ရောအင်အားတွေကိုပါ စားသောက်ဆိုင်ကိုနေ့တိုင်းဖွင့်ဖို့အပေါ်ထားလိုက်မည်ဆိုလျှင် ရှန်ဖူ တကယ်ငိုလောက်ပေသည်။
လင်ရှုယီက သူ့အကြံတွေကို သခင်ကြီးရှန်ရယ်၊ အဖိုးအိုယန်ရယ်နဲ့အတူဆွေးနွေးသည်။ ဒါက အတော်လေးကောင်းတယ်လို့ သူတို့အားလုံးတွေးကြသည်၊ အထူးသဖြင့် သခင်ကြီးရှန်ပင်။ အဖိုးအိုယန်က ဒါက လင်ရှုယီပေါ်က ဝန်ထုပ်ဝန်ပိုးတွေကို ပိုလျှော့ချပေးလိမ့်မယ်လို့ တွေးရုံသာဖြစ်၏။ သို့သော်ငြား သခင်ကြီးရှန်ကမူ ဒါက မားကတ်တင်းဗျူဟာကောင်းလို့လည်းပြောလေသည်။
ရှားပါးတဲ့ပစ္စည်းတွေက တန်ဖိုးထားခံရသည်။ ဒီအသေးစိတ်လုပ်ရပြီး အချိန်ကုန်တဲ့ဟင်းလျာတွေက ချက်ရပိုခက်ခဲပြီး ကျသင့်တဲ့ဈေးနှုန်းကလည်း နည်းမည်မဟုတ်ပေ။ ကုန်ပစ္စည်းတွေကို မကန့်သတ်လျှင် ပထမဆုံးအနေနဲ့ ဒါက သူတို့ကို ဝန်ပိစေမည်ဖြစ်ပြီး အများကြီးရှိနေလျှင် ထပ်ပြီးဆွဲဆောင်မှုရှိတော့မှာမဟုတ်ပါချေ။ ကုန်ပစ္စည်းတွေကို ကန့်သတ်လိုက်ပြီး အရင်လာအရင်ရစနစ်နဲ့လုပ်လိုက်ပါက ဒီဟင်းလျာတွေက အရမ်းနာမည်ကြီးတယ်လို့ မသိစိတ်ကတွေးထင်သွားစေနိုင်သည်။ စားသုံးသူက ဒါကို ဒီတစ်ကြိမ်မှာမစားနိုင်လျှင် ဒါကိုစားဖို့အကြောင်းကိုပဲ ဆက်တွေးနေမည်ဖြစ်ပြီး ကောင်းမွန်သည့်အခြေအနေကိုဖြစ်လာစေသည်။ ဒါ့အပြင် ကန့်သတ်ကုန်ပစ္စည်းတွေနဲ့ဟင်းလျာတွေက ပိုပြီးဆန်းကြယ်တယ်လို့ လူတွေကို တွေးထင်သွားစေသည်။ အရင်က ဒါကိုစိတ်မဝင်စားဘူးဆိုရင်တောင် ဒါက ကန့်သတ်ဟင်းလျာဆိုတဲ့အကြောင်းပြချက်နဲ့ လူတွေက အပြေးအလွှားလာမြည်းစမ်းကြဦးမည်ဖြစ်သည်။
CZYTASZ
I'm a Chef in the Modern Era [Myanmar Translation]
FantasyName 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapters+7extras) Status in COO Completed Myanmar Translation start date 6.4.2020