Unicodeကိုကို ဆက်ဆံနေတဲ့ ပုံစံတွေနဲ့ အသားမကျတာကြောင့် အိမ်ကထွက်လာကတည်းက ရင်ဘတ်ထဲမှာ တင်းကျပ်နေသည် ကျောင်းထဲရောက်ကတည်းက ချန်းကသူ့အား တကြည့်ကြည့်လုပ်နေတာကိုသိသည် သူလဲမျက်နှာမကောင်း
ကျနော့် မျက်နှာအခြေအနေကို ချန်းကအကဲခတ်နေသည်
အတန်းချိန်ပြီးတော့ ချန်းက ကျနော့်အနားရောက်လာတော့သည်
" ထယ် အဆင်ပြေရဲ့လားဟင်
ကို့ကို တခုခုပြောပါအုံးကွာ "" ကိုနေ့နေ့ညညထယ့်အိမ်ရှေ့ကို လာနေတာ "
" ထယ့် ကိုတွေ့ရမလားဆိုပြီး "
" အဆင်ပြေရဲ့လားဟင်
ကို့ကိုတခုခုပြောပါအုံးကွာ "ချန်းမျက်နှာက ပြိုတော့မဲ့ မိုးကဲ့သို့ သွေးပျက်နေသည်
ကျနော်ကလဲငိုချင်ရဲ့လက်တို့ အဲ့လောက်ဝမ်းနည်းတတ်လွန်းလို့ ကိုယ့်စိတ်ကိုတောင် စိတ်ပျက်လာတော့တာ ငိုနေတဲ့ကလေးချော့မှတိုးငိုသလိုသူ့အဖြစ်က
ကိုကိုကလေသံတချက် အမူအယာတချက်ပြောင်းတာနဲ့ ကမ္ဘာတွေပျက်နေတဲ့ ကိုယ့်ကိုကိုယ်ဆန်းစစ်မိတာအခုမှတကယ်
" ဟင့်အင်း ထယ် အဆင်မပြေဘူး
ချန်း !"" စိတ်ညစ်လို့ ရူးတော့မှာပဲ ! "
မလန်းဆန်းသောမျက်နှာလေးမှာ ချက်ချင်းပြိုကျလာတော့ အထိတ်အထိတ်အပြာပြာ
" ထယ်ရယ် ထယ် ! မငိုပါနဲ့ကွာ ကိုရင်ဘတ်တခုလုံးပေါက်ကွဲထွက်တော့မဲ့အတိုင်းပဲ "
" ဘာဖြစ်လို့လဲ ထယ့် အကိုက ကိုတို့ကို ခွဲလို့လား ကိုနဲ့ မပတ်သတ်နဲ့လို့တော့ပြောတယ်
အဲ့နေ့ဖုန်းဆက်တုန်းက
ကိုဘယ်လိုလုပ်ပေးရမလဲ"" ထယ် တခုပဲကို့ကိုမထားခဲ့ပါနဲ့နော်
ထယ်နော် ကိုကြိုးစားပါ့မယ် ထယ့်အကိုလက်ခံလာအောင်ကြိုးစားပါ့မယ်"ချန်းက မျက်ရည်လေးများဝဲကာ ကျနော်ပုခုံးကို ဆုပ်ကိုင်ပြီးပြောနေသည် သူ့ရဲ့မျက်နှာကအတော်လေးချောင်ကျသွားသည် သူလဲစိတ်ပူနေမှာပဲ ချန်းကသိပ်ချစ်တတ်တာ ထားခဲ့မည်စိုးတဲ့ ချန်းက သူ့အားတောင်းပန်တိုးလျိုးကာ အသနားခံနေလေသည်