အပိုင်း (၅၂) လက်ဖွဲ့ပစ္စည်း
မမျှော်မှန်းနိုင်စွာပဲ ဟွားကျူ့ယွီ အကိုတစ်ယောက် ကောက်ရလိုက်တယ်၊ အဲ့ဒီအကိုကတော့ ရှောင်ယင်ပဲဖြစ်သည်။ အဖြစ်အပျက်တွေရဲ့အလှည့်အပြောင်းက တကယ့်ကိုထူးဆန်းလွန်း၏။ သို့သော် ဘယ်လောက်ပဲထူးဆန်းနေပါစေ၊ သူမ ကျင်းစဲ့အဖြစ် ဟန်ဆောင်ရဦးမယ်လေ။ သူမ ရှောင်ယင်ရဲ့အသုံးချမခံချင်တော့ဘူး၊ အိပ်ရာပေါ်ကို ထပ်ပြီးတွန်းတင်မခံချင်တော့ဘူး။ ထိုအခြေအနေကနေ သူမ ဘေးကင်းကင်းလွတ်မြောက်နိုင်ပါ့မလား မသေချာခဲ့ဘူး။
ဒါ့အပြင် ကျင်းစဲ့ရဲ့အကြောင်းကို ရှောင်ယင့်အား ဘယ်လိုပြန်ပြောပြရမလဲ သူမ မသိတော့ဘူး။
သူ့ရဲ့ညီမအရင်းဖြစ်တဲ့ကျင်းစဲ့ ဆုံးသွားပြီ။ သူသိသွားရင် ဘယ်လောက်ဝမ်းနည်းသွားလိုက်မလဲ မသိဘူး။ သူ့ရဲ့ညီမက သူမရဲ့နေရာမှာ အစားထိုးသေဆုံးသွားခဲ့တာကို သူရှာဖွေတွေ့ရှိသွားခဲ့ရင် သူမကို သူ လည်ပင်းညစ်သတ်လိမ့်မယ်၊ ဒါကြောင့် သူမ စိုးရိမ်နေမိ၏။ သူမ သေရမှာကိုမကြောက်ပေမဲ့ ဒီဘဝက ကျင်းစဲ့ရဲ့ဘဝနဲ့ အလဲအလှယ်လုပ်ပြီးရရှိထားတာ။ သူမ လုပ်ဖို့ကျန်သေးသည့်အရာတွေ အများကြီးရှိနေသေးတယ်၊ သူမ ဒီအတိုင်း သေလို့မရနိုင်သေးဘူး။
ထိုနေ့က ဟွားကျူ့ယွီနိုးထလာတာနဲ့ချက်ချင်း မြောက်ပိုင်းဘုရင်မင်းမြတ်နဲ့တွေ့ဆုံဖို့ သူမကို ရှောင်ယင် နန်းတော်ဆီသို့ ခေါ်သွားလိုက်တယ်။ မြောက်ပိုင်းမြို့တော်၏ကြီးကျယ်ခမ်းနားလှတဲ့နန်းတော်ကြီးအတွင်းမှာ မြောက်ပိုင်းဘုရင်ရှောင်ကန်းဟာ မတ်မတ်ကြီးထိုင်မြန်းနေပေမဲ့ သူ့ရဲ့ဘေးနားမှာ ကိုယ်လုပ်တော်ယဲ့ ရှိမနေတော့ဘူး။ ထိုနေ့ညက ကိုယ်လုပ်တော်ယဲ့ ချုပ်နှောင်ခံလိုက်ရတယ်၊ ဒါကြောင့် ယဲ့ချုန်းက တော်လှန်တိုက်ခိုက်ဖို့ သူ့ရဲ့အစောင့်တွေကို စုဝေးခဲ့တယ်။ ရှောင်ယင်ရဲ့လူတွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆုံးသတ်တော့ ယဲ့ချုန်း အသတ်ခံလိုက်ရပြီး ကိုယ်လုပ်တော်ယဲ့ဟာလည်း မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက နှစ်ပေါင်းများစွာ အကြင်လင်မယားတွေဖြစ်လာကြတာဆိုတော့ မြောက်ပိုင်းဘုရင်မင်းမြတ် စိတ်ဆင်းရဲနေတာ မထူးဆန်းတော့ပါဘူး။ သို့သော် ရီဝေနေတဲ့မြူခိုးထုပေါ် ဖြန့်ကြက်လိုက်တဲ့နေရောင်ခြည်လေးကဲ့သို့ ဟွားကျူ့ယွီ ထွက်ပေါ်လာတာနဲ့ မြောက်ပိုင်းဘုရင်မင်းမြတ်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေ လျော့ပါးသက်သာသွား၏။
YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...