ep(6){unicode}🐯

227 24 0
                                    

ကျနော်ယောကျာ်းတစ်ယောက်ကို ချစ်နေမိတယ် Ep(6)

    ရန်ကင်းအိမ်ကထွက်ပြေးလာပြီးနောက် ဖခင်ဖြစ်သူ၏အိမ်တွင် မုန်တိုင်းတိုက်နေတော့၏။ စေ့စပ်ပွဲနေ့ရောက်၍အားလုံးပြင်ဆင်ပြီးချိန် သားဖြစ်သူမိုးရန်ကင်းအားမတွေ့ရတော့ချေ။ စာတစ်စောင်တောင်မထား၍အိမ်မှထွက်ပြေးသွားတော့လေသည်။ စေ့စပ်ပွဲကိုဖျက်ရ၍သိက္ခာကိုဘုရားလိုကိုးကွယ်သောဦးမိုးဇော်အိမ်မှာ မျက်နှာပျက်ရပေသည်။ ဧည့်ခန်းတစ်ခုလုံးလည်းဦးမိုးဇော်အိမ်သောင်းကျန်းထား၍မွှစာကျဲနေပြီ။ အိမ်စေများမှာကြောက်နေကြသည်မှာအမှန်ပင်။ ဧည့်ခန်းထဲရှိTVကိုရိုက်ခွဲအပြီးတွင်ဆိုဖာ၌ထိုင်ကာ အသက်ပြင်းပြင်းရှူနေမိသည်။ မျက်နှာများလည်းနီရဲ၍အံကိုကြိတ်ထားတော့သည်။ အသက်40ကျော်အရွယ်ပေမယ့် အခုထိချောမောဆဲပါ။ အရပ်မှာမြင့်ပြီးအမြဲ မြန်မာဆန်စွာဝတ်စားဆင်ယင်တတ်တဲ့ဦးမိုးဇော်အိမ်။ အတန်ကြာသော် ဒေါသသံဖြင့်ဦးမိုးဇော်အိမ်စကားစလာ၏။

"ဒေါ်စိန်"
"ရှင် သူဋ္ဌေး"
"မိုးရန်ကင်းမနေ့ကဘာတွေပြောလဲ"
"ရှင်"
"တရှင်ထဲရှင်နေတာခင်ဗျားသေချင်နေပြီလား"
"မ မဟုတ်ပါဘူး သူဋ္ဌေး"
"ကျုပ်မေးတာခင်ဗျားမဖြေသေးဘူးနော်"
"သူမွန်းကြပ်နေပြီလို့ပြောပါတယ်သူဋ္ဌေး"
"မွန်းကြပ်တယ်လို့ပြောရအောင် ကျုပ်ကသူကောင်းဖို့အတွက်လုပ်နေတာလေ အခုကြည့်စမ်း ကျူပ်ဘယ်လောက်မျက်နှာပျက်ရလဲ ကျုပ်မျက်နှာကိုဓားနဲ့သာလှီးပလိုက်ချင်တယ် ကျုပ်မျက်နှာကိူဘယ်နားသွားထားရမှာတဲ့လဲ "

ပြောရင်းဆိုရင်း ပင် အရှေ့၌ရှိသောထိုင်ခုံကို လက်သီးဖြင့်ထိုးလိုက်ရာ ဦးဇော်မိုးအိမ်၏ညာဘက်လက်၌သွေးများထွက်လာတော့ပေသည်။

"သူ သူဋ္ဌေး လက်"

အိမ်စေမလေးမယ်မ၏စကားကြောင့်သူ့လက်ကိုပြန်ကြည့်မိသည်။ သွေးတွေကပေါက်ပြဲရာမှတစ်ဆင့်တစ်စက်စက်ကျနေသည်။အများကတော့သူ့ကိုအတ္တသမားလို့ထင်မြင်ကြလိမ့်မည်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တဲ့တစ်ကိုယ်ကောင်းသမားဟူ၍။

အမှန်ကမဟုတ်၊သူဟာဖခင်တစ်ယောက်ဖြစ်၏။ သူ့ရဲ့သားဖိုးရန်လေးကိုသူသိပ်ချစ်ရသည်။သိပ်ချစ်လွန်းလို့လည်းအမှားတွေလုပ်မိနေခဲ့သည်။ဖိုးရန်လေးအတွက်သူ့စိတ်ဓာတ်မာ‌ေအာင်ကြိုးစားခဲ့သည်။ ဒါပေမယ့် အားလုံးကသူ့ကိုဖခင်စိတ်မရှိတဲ့သူအကြင်နာတရားမရှိတဲ့သူလို့ထင်နေကြဆဲ။ သွေးတွေထွက်စမ်းပါစေ အခုသူ့သားအဆင်ပြေလားမပြောလားဆုိတာကိုပင်သူစိတ်ပူနေမိသည်။

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin