UNICODE
အိပ်မက်တစ်ခု ဖြစ်မည်ထင်ပါရဲ့။ ထိုအိပ်မက်ထဲ၌
ကောင်လေးတစ်ယောက်မှာ သူ့ရှေ့မှတဖြည်းဖြည်း
ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပုံရိပ်တစ်ခုအား
ဖမ်းဆုပ်ရန်ကြိုးစားနေသကဲ့သို့ သူ့နှုတ်ဖျားမှလည်း
"မသွားပါနဲ့"ဟူ၍ ထပ်ကာ ထပ်ကာ ရေရွတ်လျက်
ပုံရိပ်ငယ်လေး သူ့ထံမှဝေးမသွားရစေရန် အားကုန်
ထုတ်သုံး၍ဖမ်းဆွဲဖို့ရာကြိုးစားခဲ့ပါသော်ငြားလည်း
ကံတရားသည်ကောင်လေးဘက်တွင်ရှိမနေခဲ့ပါပေ။
သူ့အကြည့် မြင်ကွင်းအောက်မှ တဖြည်းဖြည်းချင်း
ပျောက်ကွယ်သွားကာဖမ်းဆုပ်ရန်ကြိုးပမ်းနေသည့်
လက်အစုံထံမှ ဟိုးအဝေးအား လွင့်မြောသွားသော
ပုံရိပ်လေးသည် ဗလာနတ္ထိပျောက်ကွယ်မသွားခင်၌
ယင်းကောင်ငယ်လေးအားအတောက်ပဆုံးပြုံးရယ်
ပြနေခဲ့သကဲ့သို့တစ်ဖက်တွင်လည်းမျက်ရည်များက
စီးကျနေပြန်၏။ နှုတ်ခမ်းကပြုံးရယ်နေပါသော်ငြား
မျက်ရည်စီးကျနေသော မျက်၀န်းက ဝမ်းနည်းမှုကို
ဖော်ဆောင်နေသည့်နည်းတူ ပါးပြင်ထက်သို့ စီးကျ
လာသည့်မျက်ရည်စတို့သည် အနီရောင် အသွင်သို့
ပြောင်းလဲသွားခြင်းကလည်း ရင်ထဲမှ နာကျင်မှုကို
အသံတိတ်ပြောပြနေသည်အလား။ထို့နောက်တော့
ယင်းပုံရိပ်ငယ်လေးသည် မြင်ကွင်းထဲမှာ လုံး၀ကို
ကွယ်ပျောက်သွားသည်မို့ ကောင်လေးသည်လည်း
ပျောက်ဆုံးသွားသောသူအားလှည့်ပတ်ကာရှာရင်း
ဝမ်းနည်းစွာဖြင့် သူ့ရှေ့မှပျောက်ကွယ်သွားခဲ့သော
ပုံရိပ်လေး ကြားနိုင်မည်ရည်ရွယ်လျက်....Tae Tae...
..အမည်နာမတစ်ခုကို ဟစ်အော်လိုက်သော်လည်း
ပုံရိပ်ငယ်က မကြားခဲ့သည့်အပြင် သူကိုယ်တိုင်ပင်
လက်တွေ့လောကထဲသို့ ပြန်ရောက်လာခဲ့ပါသည်။
ဘယ်ကြားနိုင်ပါမည်လဲ။ သူက အိပ်မက်ကမ္ဘာထဲ
ရောက်နေခဲ့သည်ကိုး။ ခဏတာလေး မက်ခဲ့သော
အိပ်မက်ဖြစ်လင့်ကစား ခံစားချက်တို့ကမူ အပြင်
လောကတွင်ဖြစ်နေသကဲ့သို့လက်တွေ့ဆန်လှ၏။
မိမိမြတ်နိုးတန်ဖိုးထားသော သူတစ်ယောက်အား
ဆုံးရှုံးလိုက်ရမည်ဆိုသောအတွေးက အိပ်မက်ပင်
ဖြစ်ပါစေ၊ အတော်လေးမွန်းကြပ်ကာ အသက်ရှူ
ကျပ်စေသည် အထိ။ ထို့ကြောင့်လည်း သူသည်
အိပ်မက်ထဲမှရုန်းထွက်ဖို့ကြိုးစားခဲ့သည်ထင်၏။
ယခုလိုမျိုး ချွေးစီးများကျကာ လန့်နိုးလာသည့်
အခြေအနေကို ကြည့်ခြင်းအားဖြင့်ပေါ့။
JE LEEST
Fate (Or) Fake? (Completed)
Fanfictie(Both Zawgyi & Unicode) Which started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not? Written By W ❌Not In English❌