Title-Who
Main leads-Kim NamJoon
-Kim SeokJin
-Kim Taehyung
-Youတနင်္ဂနွေနေ့တစ်ရက်တွင် ပန်းခြံထဲ၌ထိုင်နေသောမိန်းကလေးတစ်ဦး။
"ကိုယ်ဒီမှာထိုင်ပါရစေ..."
"ရှင်... ဟုတ်ကဲ့ထိုင်လေ ဦး..."
ဘေးနားကထိုင်နေသောကောင်မလေးအား သူကြည့်ကာပြုံးလိုက်သည်။ ကောင်မလေးကသူမ၏ရေခဲမုန့်လေးကိုသာ အာရုံစိုက်နေသည်မို့ သူကြည့်နေသည်ကိုသတိမထားမိ။
"ကလေး... မင်းနာမည်ဘယ်လိုခေါ်လဲ?"
"ရှင်..."
ကောင်မလေးကသူ့အား မျက်လုံးလေးဝိုင်းကာကြည့်လာသည်။
"Jung...Jung Y/Nပါ..."
သူခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
"ကိုယ့်နာမည်က Kim Seok Jin..."
သူမကပြုံးကာခေါင်းလေးကိုညိမ့်ပြသည်။
"တွေ့ရတာဝမ်းသာပါတယ် ဦး..."
"အင်း... ကိုယ်လည်းမင်းကိုတွေ့ရတာ
ဝမ်းသာတယ်ကလေးလေး"ထိုညနေခင်းဝယ်
တေးသီကျူးနေသော ငှက်ငယ်များနှင့်
သစ်ပင်ပေါ်မှကြွေကျနေသော သစ်ရွက်ဝါများအကြားဘေးနားမှာထိုင်နေသူ ကလေးမအား
ခိုးကြည့်နေသော ဦးလေးကြီးနှင့်
ရေခဲမုန့်သာစားနေပြီး သူမအား
ဘေးမှဦးလေးကြီးကကြည့်နေကြောင်း
မသိသော ကလေးမလေးတို့ရှိခဲ့ကြသည်။.................................................
"ဟိတ်! ဘာတွေတွေးနေတာလဲ?!"
ဘောပင်လေးကိုကိုက်ရင်း အတွေးလွန်နေသော
သူမအား တစ်စုံတစ်ဦးက ပုခုံးလေးကိုပုတ်ကာ
မေးလိုက်သည်။ထိုသူမှာအခြားသူမဟုတ် သူမ၏ဆရာ
Kim Nam Joon ဖြစ်သည်။"အာ Sam... ရောက်နေတာမသိလိုက်ဘူး
ဟဲဟဲ Miyan Sam"တကယ်တော့ သူမပန်းခြံထဲမှာလမ်းလျှောက်ထွက်တိုင်း အမြဲတွေ့လေ့ရှိသော ဦးလေးကြီးအကြောင်းအား စဉ်စားနေခြင်းဖြစ်၏။
STAI LEGGENDO
✯𝑷𝒖𝒓𝒑𝒍𝒆 𝑯𝒆𝒂𝒓𝒕𝒔✯BTS Oneshot Collection
FanfictionBTS 💜 ARMY Myanmar Fanfiction Zawgyi and Unicode For Purple Ladies who love our seven angles. ခရမ်းရောင်လွှမ်းသော နှလုံးသားသည် ခရမ်းရောင်အချစ်ဖြင့်ချစ်မိခဲ့သည်။ ဤခရမ်းရောင်နှလုံးသားသည်လည်း ဤနတ်သားလေး ခုနှစ်ဖော်ကြောင့် ရှင်သန်ခဲ့သည်။ ခရမ်းရောင်လွှမ်...