Title-Too Late
Main leads-Park Jimin
-You"ကိုကိုဂျီ?..."
"ကျစ်!.. ဒီကလေးမ လာပြန်ပြီ"
ပုပုလုံးလုံးနှင့်ကလေးမက ရောက်ရောက်ချင်း
သူ့အားပြေးဖက်၏။သူ့အားပတ်ကျိတစ်ကောင်လို
တွယ်ကပ်နေသည့် သူမအား
သူအတင်းကာရော
တွန်းထုတ်ခဲ့သည်။ထိုအချိန်တွေကတော့
သူမသည် သူ့အတွက်
အရှုပ်ထုပ်တစ်ခုသာ။သူမအား သူအတင်းဆောင့်တွန်းလိုက်ရာ
မြေပြင်ပေါ် ဘိုင်းကနဲ လဲကျသွားသည့်သူမ။ရရဲ့လားတောင် တစ်ချက်မမေးသောသူသည်
ဆွဲထူဖို့ဆိုဝေလာဝေး။"ငယ်... ဘာမှမဖြစ်ဘူး
ကိုကို..."၃လက်မခန့် ပွန်းပဲ့သွားသော
သူမ၏တံတောင်ဆစ်လေးကို
လျစ်လျူရှုကာ သူမပြုံးပြသည်။ထိုဖြူစင်သော အပြုံးတို့သည်
အော်ဂလီဆန်စရာကောင်းသည်ဟု
ထိုစဉ်က သူတွေးထင်ခဲ့ဖူး၏။သူမကပေသွားသည့် ဂါဝန်ဖြူလေးကို
ဖုန်ခါရင်းပြောသည်။"ကိုကိုဂျီက အဖြူရောင်ကို
ကြိုက်တယ်ဆိုပြီး တီတီကပြောလို့
ငယ် ကတကူးတကဝတ်လာတာ"တဲ့သူမကိုသူမ ခေါ်ဝေါ်သုံးစွဲတတ်သည့်
'ငယ်'ဆိုသောနာမ်စားလေးအား
သူသည်ရွံရှာဖွယ်ဟုတွေးထင်ခဲ့၏။"ကိုကို... ဒီမှာ..."
သူ့ထံထိုးပေးလာသော အဖြူရောင်
စက္ကူဘူးအား ယူကြည့်လိုက်တော့
အထဲတွင်ထည့်ထားသည့်
အညိုရောင်နာရီလေး။"Merry Christmas ကိုကိုဂျီ"
ထိုစက္ကူဘူးထဲရှိအညိုရောင်နာရီလေးအား
သူကိုင်ပေါက်ကာခွဲလိုက်ရာ မြေပြင်ပေါ်တွင်အစိတ်စိတ်အမွှာမွှာကွဲကြေလျက်။သူမ၏နုနယ်သောနှလုံးသားသည်လည်း
မြေပြင်ပေါ်တွင်လဲလျောင်းနေသော
နာရီလေးနှင့်ထပ်တူ
ကွဲကြေခဲ့သည်ကို
သူသိခဲ့ဖို့ကောင်းပါသည်။
ВЫ ЧИТАЕТЕ
✯𝑷𝒖𝒓𝒑𝒍𝒆 𝑯𝒆𝒂𝒓𝒕𝒔✯BTS Oneshot Collection
ФанфикBTS 💜 ARMY Myanmar Fanfiction Zawgyi and Unicode For Purple Ladies who love our seven angles. ခရမ်းရောင်လွှမ်းသော နှလုံးသားသည် ခရမ်းရောင်အချစ်ဖြင့်ချစ်မိခဲ့သည်။ ဤခရမ်းရောင်နှလုံးသားသည်လည်း ဤနတ်သားလေး ခုနှစ်ဖော်ကြောင့် ရှင်သန်ခဲ့သည်။ ခရမ်းရောင်လွှမ်...