~The stars shine whenever you go and my heat beats every single time you smile~
ရည်မွန်ရဲ့ဒီနှစ်မွေးနေ့မှာတော့အပြင်မှာသူငယ်ချင်းတွေနဲ့တူတူဖြတ်သန်းလို့ရတော့မှဖြစ်သည်။
"နှစ်ဆယ်ဆိုတာ ကလေးမှမဟုတ်တော့တာကွာ။ ကြောက်နေစရာမလိုဘူး"
"မကြောက်ပါဘူး။ မလိမ်ချင်တာ..."
"တစ်ခြားနိုင်ငံတွေမှာဆိုရင် ဆယ့်ရှစ်နှစ်ကျော်ရင် လူကြီးဖြစ်ပြီပဲ။ ကိုယ်လုပ်ချင်တာလုပ်ဖို့ အတားအဆီးမရှိဘူး"
"အဲ့ဒါတော့ အမှန်ပဲ"
"ကိုယ့်နိုင်ငံမှာက အသက်နှစ်ဆယ်တောင် ကလေးလေးတစ်ယောက်လိုပဲဆက်ဆံနေကြသေးတာ... ဘယ်သူမှမပြောနဲ့ဦး။ အရင်ဆုံး မိဘတွေပဲ"
အခုတော့လူးစစ်အကြံကြောင့် ဒီနှစ်မွေးနေ့ကို သူငယ်ချင်းတွေနဲ့ Night out လုပ်လို့ရခဲ့ပြီ။
"အေးပါကွာ။ စာသံပေသံပြောတာတော်လိုက်တော့။ အခုလိုကြံပေးတာကိုပဲ ကျေးဇူးတင်တယ်။ ဟုတ်ပြီလား"
"ငါပြောပါတယ်။ ငါ့ကိုယုံပါလို့..."
လူးစစ်ကအကြံအောင်သွားတော့သူ့ကိုယ်သူဂုဏ်ယူနေသည်။
"အေးပါကွာ။ ကျေးဇူးတော် ကြီးမားလှပါတယ်"
လူးစစ်ရဲ့အကြံကောင်းကြောင့် သူဒီနေ့အိမ်မပြန်ရင်တောင် အဆင်ပြေသည်။
"မင်းဘယ်လိုအကြံရသွားတာလဲ"
"မင်းအဖေက မင်းကိုညဘက်အပြင်မထွက်ခိုင်းတာက တစ်ခုပဲရှိတယ်။ ကလပ်တွေတက်ပြီး အပေါင်းအသင်းတွေမှား ၊ အပျော်တွေလုပ်ပြီး ပျက်စီးသွားမှာစိုးလို့ စိတ်ပူတာ ။ ဒါတွေကကွာ... မိဘတိုင်းပဲလေ"
"အဲဒါကြောင့်မင်းက သူငယ်ချင်းတွေစုပြီး အိမ်မှာပဲပါတီလုပ်မယ်လို့ ပြောခိုင်းတာကို"
"ဟုတ်တယ်။ ခုတော့ ခွင့်ပြုချက်ရပြီ။ ကိုယ်ဘာလုပ်နေမယ်ဆိုတာမပြောပြရင် ဘယ်သူကလာသိမှာလဲ။ မဟုတ်ဘူးလား"
"ဟုတ်တာပဲ"
ဒါဆို ဒီတစ်ခါ ကလပ်ဒိုးကြမယ်လို့စမ်းရောင်ပြောလာတာကို ရည်မွန်ခေါင်းညိမ့်ပြလိုက်သည်။
ESTÁS LEYENDO
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...