❄️

1.2K 112 26
                                    

'အချိန်...'
အချိန်ဆိုတဲ့အရာကိုမည်သူတွေပိုင်ဆိုင်ပါသနည်း..
အချိန်ဆိုတဲ့အရာကအဖြစ်အပျက်အများကြီးကို ဖြစ်စေပီး
အဲဒီအဖြစ်အပျက်တွေကြားထဲမှာ ရူးသွပ်ခဲ့ရတဲ့သူကတော့ နောက်ဆုံးတော့ကိုယ်ပါပဲ...
အကယ်၍လူသားတွေမှာသာ အချိန်ကိုနောက်ပြန်လှည်နိုင်တဲ့အခွင့်အရေးရှိရင် ပူဆွေး၀မ်းနည်းစေတဲ့ဖြစ်ရပ်တွေကို မဖြစ်စေဖို့‌ေရှာင်လွှဲနိုင်မယ် အမှားတွေကိုပြန်ပြင်နိုင်မယ်ထင်ပါသည်..
ဒါပေမဲ့ကျွန်တော့်အတွက်ကတော့...
အကယ်၍သာ အချိန်တွေကိုနောက်ပြန်လှည့်ခွင့်ရခဲ့မယ်ဆိုရင် သူနဲ့မဆုံတွေ့ချင်ယုံလေးပါ.. ကျွန်တော့ဘ၀ရဲ့အကြီးမားဆုံးအမှားကတော့ သူနဲ့ဆုံတွေ့ခဲ့ရခြင်းပါပဲ...
__________________________________

Decemberလအစပိုင်းမှာ နှင်းဖွဲဖွဲလေးတွေ ကျလာခဲ့သည်... Seoulမြို့တခုလုံးနှင်းဖွဲလေးတွေဖြင့်ဖုံးအုပ်နေပီး
ထိုနှင်းဖွဲတွေကြားထဲကယုံတမ်းစကားလေးတခုဟာလည်း လူငယ်ချစ်သူစုံတွဲတွေအတွက် ဖြစ်ပေါ်လာခဲ့‌လေသည်..
"သင်ဟာသင်ချစ်တဲ့သူနဲ့ပထမဆုံးနှင်းကျတဲ့အချိန်မှာ အတူရှိနေခဲ့မယ်ဆိုရင် သူနဲ့ထာ၀ရအတူတည်ရှိသွားနိုင်မယ်"
ဆိုတဲ့ယုံတမ်းစကားလေးတခုပေါ့... ဒါကြောင့်လဲနှင်းတွေဖြိုင်ဖြိုင်ဝေနေတဲ့ Seoulလမ်းမထက်မှာ လူငယ်စုံ‌တွဲတွေဟာသူတို့ချစ်တဲ့သူတွေနဲ့ ထာ၀ရအတူရှိနေနိုင်အောင် အတူတူအချိန်ကုန်ဆုံးလေ့ရှိကြသည်...

"ဒီနှစ်ရဲ့ပထမဆုံးနှင်းတောင် ကျလာပီပဲ"

ကောင်လေးတယောက်ရဲ့အသံဟာ ကော်ဖီဆိုင်လေးရဲ့အလယ်မှာ ထွက်ပေါ်လာခဲ့လေသည်..
ဂျန်းကု လက်ထဲကကော်ဖီခွက်ကိုမွှေရင်း ထိုသူပြောမဲ့စကားကိုစိတ်၀င်စားစွာ နားထောင်နေမိသည်..

"မင်းနဲ့ ငါကဒီလိုအချိန်မှာအတူတူရှိနေတာဆိုတော့ ထာ၀ရအတူရှိရတော့မယ်ထင်တယ်"

ထိုကောင်လေးရဲ့စကားအဆုံး ဘေးမှာထိုင်နေတဲ့ကောင်လေးဟာ ထိုကောင်လေးရဲ့ခေါင်းကိုလက်နဲ့ခေါက်ချပစ်လိုက်သည်..

"သေလေ ဘယ်သူကမင်းနဲ့ထာ၀ရအတူရှိချင်နေလို့လဲ"

ဂျန်းကု ထိုစကားတွေကိုနားထောင်ရင်းပြုံးလိုက်မိသည်..
ထိုကောင်လေးနှစ်ယောက်လိုမျိုး တချိန်က ဂျွန်းဂျန်းကုဆိုတဲ့ သူနဲ့သူချစ်ရတဲ့ကမ်ဆော့ဂျင်ဆိုတဲ့ ကောင်လေးဟာထိုကဲ့သို့ အငြင်းပွားခဲ့ကြဘူးသည်မဟုတ်ပါလား...
ထိုကောင်လေးနှစ်ယောက်ကိုကြည့်နေရင်း ‌ဂျန်းကုဟိုးတချိန်ကနေ့ရက်တချို့ကို ပြန်လည်တွေးမိလာသည်..
.
.
.
.
.
December 4,2016

🎉 You've finished reading အကယ်၍သာအချိန်တွေကိုနောက်ပြန်လှည့်ခွင့်ရခဲ့မယ်ဆိုရင်... 🎉
အကယ်၍သာအချိန်တွေကိုနောက်ပြန်လှည့်ခွင့်ရခဲ့မယ်ဆိုရင်...Where stories live. Discover now