[Zawgyi]
ရှောက်ချင်းရန်က စုပေကိုအခွင့်အရေးတစ်ချက်မပေး
ဘဲ ချက်ချင်းစုပေပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။
ရီထောင်ထောင်ကတော့ သူကို့နောက်ထပ်နှောင့်ယှက်
တော့မှာမဟုတ်ကြောင်း ရှောင်းချင်းရန်က
သူနိုးလာတဲ့နေ့ထဲက ပြောပြထားသည်။ထိုအခါမှပဲ စုပေစိတ်သက်သာရာရသွားသည်။ရုတ်တရက်
စုပေ သူ့လက်ချောင်းပေါ်တွင် တစ်ခုခုရှိနေ
ကြောင်းသတိပြုမိလိုက်၍ လက်ကိုမြှောက်ကာ
ရှောက်ချင်းရန်ကို မေးလိုက်သည်။"ဒါဘာလဲ"
ရှောက်ချင်းရန်က ငြင်သာစွာဖြေလိုက်သည်။"လက်ထပ်လက်စွပ်လေ"
စုပေ၏မျက်နှာတစ်ခုလုံး မေးခွန်းအမှတ်အသားများ
ဖြင့် ပြည့်နှက်သွားကာ ,"ငါလက်တောင်မထပ်ရသေးဘူးလေ ဘယ်လိုလုပ်
လက်ထပ်လက်စွပ်ဝတ်ထားရတာတုန်း"သူလက်စွပ်ကိုချွတ်ဖို့ ကြိုးစားပေမယ့်
မအောင်မြင်ပေ။ရှောက်ချင်းရန်က ချောင်းဟန့်
လိုက်ကာ ,
"ငါတို့လက်မထပ်ရသေးလို့ ဘယ်သူပြောလဲ"ထိုစကားပြောပြီးနောက် သူကအိတ်ထဲကနေ
လက်ထပ်လိုင်စင်နှစ်ခုကိုထုတ်ယူခဲ့သည်။
စုပေမိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
ဘာတွေဖြစ်ကုန်တာလဲ??သူလွန်ခဲ့တဲ့ရက်အနည်းငယ်
လောက်ကမှ ပြန်နိုးတာလေ ဒါပေမယ့် လက်ထပ်
ပြီးသွားပြီတဲ့လား.....သူ့စိတ်သူပြန်လည်စုစည်းလိုက်ကာ မေးလိုက်တယ်။
"အမှန်ပဲလား"ရှောက်ချင်းရန်က ယုယကြင်နာစွာနှင့် ပြန်ဖြေသည်။
"နိုင်ငံခြားမှာရှိတဲ့ ငါ့သူငယ်ချင်းကို
လက်ထပ်စာချုပ်လုပ်ခိုင်းခဲ့တာ...အခုဆို ငါတို့က
တရားဥပဒေအရ လင်လင်တွေဖြစ်သွားကြပြီ"စုပေ ဘာပြောရမလဲမသိဖြစ်သွားပြီ။ဒီလိုလုပ်လို့
ရတာလား??"ဒါပေမယ့် ငါ့နိုင်ငံသားက......
မင်းသိပါတယ်"ရှောက်ချင်းရန်က ပြောလိုက်သည်။
"ဒါနဲ့ မင်းနိုင်ငံသားပြောင်းလဲသွားပြီနော်...."စုပေ ဒီအခြေအနေကိုပြောင်းလဲလို့မရတော့ဘူး။
သူသတိမေ့တဲ့အချိန်မှာပဲ သူ့နိုင်ငံသားက
ပြောင်းလဲသွားကာ လက်တောင်ထပ်ပြီးနေပြီ...
VOUS LISEZ
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
Roman d'amourEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...