အိမ်ရှင်တို့ လူရှိလား အိမ်ရှင်တို့....အဝေ မီးဖိုချောင်းထဲ ၀င်နေတုန်း အရှေ့က လူခေါ်သံ ကြားတော့ ဟင်းအိုးတည်ထားတာကို မီးခနပိတ်လိုက်ပြီးး အရှေ့ထွက်လာခဲ့သည်
- အကိုမြတ်များလားး မဖြစ်နိုင်တာ သွားတာမှဘယ်လောက်မှမကြာတေးတာကို အကိုမြတ်ဆိုရင် ဒီတိုင်း ၀င်လာရုံဘဲလေ ဘယ်သူများပါလဲ ...
အဝေ ခြံတံခါးကိုဖွင့်လိုက်တော့
- သားဝေ သားဝေမလားး
- ဟုတ် ဦးလေးးက... .. အော်မှတ်မိပြီ ဦးလေးကောင်းသော်ဝေမလားးး
- ဟုတ်တယ် သားး ..
- ဟုတ် ဦးး အိမ်ထဲ၀င်ပါ ခမျ ..
အဝေ ဦးလေးကို အိမ်ရှေ့မှာ ထိုင်ခိုင်ထားလိုက်သည် ဦးေလးကို အားတော့နာပါရဲ့ ယောင်္ကျားလေးနှစ်ယောက်ထဲ နေတာဆိုတော့ ပရိဘောဂသေချာလေး မရှိတော့ ဖျာပေါ်မှာထိုင်ခိုင်းထားလိုက်တယ် ဦးလေးကိုကြည့်ရတာ တစ်ခုခုစိတ်မကောင်းဖြစ်နေသလိုဘဲ .. အဝေ ကော်ဖီဖျော်လိုက်ပြီးး ဦးလေးဆီ သွားပို့လိုက်သည်
- ဦး အဝေ အိမ်က နဲနဲတော့ ရှုပ်နေတယ် ဦးအဆင်ပြေရဲ့လားး အဝေအားနာပါတယ် ထိုင်ခုံတွေ ပထမက ၀ယ်မလို့ဘဲ တခြားဟာလေးတွေ ၀ယ်လိုက်တော့ ထိုင်ခုံ၀ယ်ဖို့ ကိစ္စ ခနရပ်ထားတာ အဝေတို့စုထားဖို့လည်းရှိသေးတယ်လေ ... ဟီးးး ဒါနဲ့ ဦးက အဝေတို့နေရာ ဘယ်လိုလုပ်သိတာလဲ .. အဝေအခုနေတယ့်နေရာက နဲနဲလေးး ချောင်ကျတော့ ဘာလုပ်လုပ်ပြီးးး......
- သားးလေးး ဖေဖေ့ရဲ့သားးလေးး .....
- ဗျာ .. . ဦးလေး ဘာပြောလိုက်တာလဲဟင် ...
- သား သက်ဝေ သားလေးက ဖေဖေရဲ့သားပါ... .. ဖေဖေ သားနေတယ့်ရွာကိုရောက်ပြီးပြီ သားက ကြီးမေ လုံးတင် ဆီက မွေးစားခံထားရတာဆို .. ပြီးတော့ ဘဘုန်းကြီးက ပြန်စောင့်ရှောက်ထားတာ... ဖေဖေသားလေး အရမ်းခက်ခဲခဲ့မှာ .. ဖေဖေ တကယ့်ကို မကောင်းတယ့်သူပါ သားရယ် .. ဖေဖေအပြစ်တွေပါ ဖေဖေအသုံးမကျမှုတွေပါ သားဆီက ခွင့်လွှတ်မှုကို ဖေဖေမမျှော်လင့်ပါဘူး ဒါပေမဲ့ ဖေဖေကိုမမုန်းပါနဲ့နော်..သားးလေးး ... ရွှတ်
YOU ARE READING
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...