၁. ကော်ဖီသောက်နည်းစကားကို ကုန်အောင်ပြောမယ်
ကော်ဖီကို ကုန်အောင်သောက်မယ်
ကော်ဖီတွေ ခွက်ထဲမှာ ကျန်ရင်
နားလည်မှု မရှိတဲ့နေ့
စကားတွေ နှစ်ယောက်ကြားမှာ ကျန်ရင်
အချစ် မရှိတဲ့နေ့၂. လာ့တေး အပူတခွက်
ရွေးချယ်စရာ ကော်ဖီ အမျိုးအစား
ဘယ်လောက်များများ ဘယ်လောက်ရှိရှိ
သောက်ဖြစ်ဖြစ် မသောက်ဖြစ်ဖြစ်
အချိန်တန် ဆိုင်ရှေ့ရောက်တော့
လာ့တေး အပူတခွက်ပဲ
နှလုံးသားရေးရာလည်း
ဘယ်လမ်းတွေ ဘယ်လောက် များများ
ဘယ်လိုလူတွေ ဘယ်လိုရှိရှိ
ကိုယ်တော့ အချိန်တန်ရင်
လာ့တေး အပူတခွက်ပဲနဲ့ အဆုံးသတ်ပြန်ရော၃. ကဖေး
လူသံ ကားသံ ဆူညံသံ
ဘာတခုမှ မကြားမိ မမှတ်မိလည်း
သူ ပြောတဲ့ စကားတွေကြား
ကိုယ့် ပျော်ရွှင်မှုက
အသစ်စက်စက် ကော်ဖီပူတခွက်လို
နှုတ်ခမ်းဖျားကစ တကိုယ်လုံးသို့ စီးဆင်း၄. ကမ္ဘာ
သစ်ပင်နဲ့ ကော်ဖီ ရှိတဲ့ နေရာဟာ ကမ္ဘာပဲ
သူပါရှိရင်တော့ ပျော်စရာ ကမ္ဘာHsiza