Unicode

2.5K 282 24
                                    

သိပ်အသားမကျသေးတဲ့ ညနေခင်းမှာ Chanyeol ထိုင်ပြီး ငိုက်နေမိရာက ကလေးအော်သံ ခပ်စူးစူးလေးတစ်ခုကြောင့် ဆတ်ခနဲ ခေါင်းထောင်မိသွားတယ် ။

ဟူး... မိုးမရွာတာတောင် ညနေခင်းက စိမ့်အေးနေတာပဲ ။

ကုန်စုံဆိုင်လေး တစ်ခုရဲ့ ကောင်တာမှာထိုင်ရင်း Chanyeol မိမိကို နိုးသွားစေတဲ့ လမ်းပေါ်က အသံပိုင်ရှင်လေးကို ကြည့်လိုက်တယ် ။

သူ့အမေ လက်ထဲက မုန့်ထုပ်ကို ခုန်ခုန်ပြီး လုနေတဲ့ မူလတန်း ကလေးတစ်ယောက် ။ ပါးစပ်ကလည်း မျိုးစုံ အသံစူးစူးလေးတွေ ထွက်လို့ ဂျီကျနေရှာတယ် ။

အော်...ကျောင်းဆင်းချိန်တောင် ရောက်ပြီကိုး ။

Chanyeol စားပွဲပေါ်မှာ လက်တစ်ဖက် ဆန့်တင်လိုက်ပြီး ခေါင်းအုံးတစ်ခုနှယ် အသုံးချလို့ လမ်းမပေါ်ကို အိပ်ရင်း ငေးနေမိတယ် ။ သူအလုပ် လုပ်နေတဲ့ ကုန်စုံဆိုင်က တအားကြီး ရောင်းအားမြင့်တဲ့အထဲ မပါဘူး ။

ဒီဆိုင်မှရယ်လို့တော့ မဟုတ်ပါဘူး ။ ဟောင်းနွမ်းပြီး နယ်စွန်ဖျားကျတဲ့ မြို့လေးက လူဦးရေမှ သိပ်မရှိပဲ ။ ဒီလို ဟောင်းနွမ်းနွမ်း ကုန်စုံဆိုင် သေးသေးလေးတွေက သိပ်ဦးရေ မများပြားတဲ့ customer တွေကို မျှနေရတော့ ထင်သလောက်ကြီး စီးပွားမဖြစ်ဘူး ။

တစ်ခါတလေမှ ကျိုးတိုးကျဲတဲ ရောက်လာတတ်တဲ့ စျေးဝယ်သူတွေက Chanyeol အတွက် အလုပ်မရှုပ်စေတဲ့အပြင် ပျင်းရိချိန်တောင် ပိုစေသေးတယ် ။ ဟောင်းနွမ်းနွမ်း အိမ်လေးတွေ တစ်တန်းချင်းစီ ကျပ်သိပ်လို့ တည်ရှိနေတဲ့ မြို့သေးသေးလေးက သစ်ပင်တွေ ခြုံနွယ်တွေ အတွက်လည်း နေရာ အများကြီး ပေးထားသေးတယ် ။ တစ်ဖက်အစွန်းမှာကလည်း ပင်လယ်နဲ့ ။ ရာသီဥတုက မိုးမရွာရင်တောင် စိမ့်အေးနေရောပဲ ။

အဲ့တော့ ဒီမှာအလုပ်ဆင်းတဲ့ တစ်လ အတောအတွင်း Chanyeol မနက်ဆိုရင် စက်ဘီးလေး တချောက်ချောက်နင်းလို့ ရောက်လာပြီး တစ်နေကုန် ငိုက်မြည်းတယ် ။ အတော်မှောင်ရီသန်းတဲ့အချိန် ဆိုင်ရှင်က လူလဲဖို့ရောက်လာတော့မှ ရပ်ကွက်ခြားတဲ့ အိမ်ကို ပြန်ရတယ် ။ ဒါက အထွေအထူး မရှိပဲ လည်ပတ်နေတဲ့ သူ့နေ့စဥ်ဘဝပေါ့ ။

Dear Stranger [ ချစ်လှစွာသော သူစိမ်းလေးရေ ] Where stories live. Discover now