🍁အခန်း(၈)

8 2 0
                                    

S.N preschool ၏စာသင်ခန်းများမှာ အဆင့်မြင့်မြင့်ဖွဲစည်းထားရုံသာမက ကလေးများ အသက်အလိုက် လုပ်ဆောင်ရမည့် လေ့ကျင့်ခန်း ၊ အားကစား ၊ ပန်းချီပညာရပ်များလည်းသေချာနည်းစနစ်ကျစွာလေ့ကျင့်သင်ကြားပေးသည်။ဆရာ ဆရာမ များမှာလည်း ကလေးများ‌အပေါ်ဂရုစိုက်မှုကို အပြည့်အဝပေးရသည်။စည်းစနစ်ကောင်းမွန်စွာနေတတ်ဖို့နဲ့ အဖွဲ့လိုက် လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက် တတ်အောင်လည်း သင်ကြားပေးကြရသည်။အခန်း တစ်ခန်းတွင် ကျောင်သား (၁၀) ယောက်သာထားရှိသည်။ကျန်းမာ‌ေရးအတွက်လဲ ဆေးခန်းနှင့်ဆရာဝန်ကအမြဲအသင့်ရှိနေသည်။ဒါ့ကြောင့်လဲ S.N Preschool က နာမည်ကြီးသည်။

ကျောင်းအုပ်ကြီးက ကျောင်းအကြောင်းနဲ့ စာသင်ခန်းတစ်ခုစီအကြောင်းရှင်းပြတာကိုလည်းစိတ်မဝင်စားမိ သူ့စိတ်ထဲ သားသားကိုသာအမြန်ဆုံးတွေ့ချင်မိသည်မို့ ခြေလှမ်းသွက်သွက်နဲ့ရှေ့ဆုံးမှ သွားနေမိသည်။မကြာခင် ထမင်းစားဆင်းချိန်ဆိုတော့ ရှာရခတ်မှာစိုးရိမ်တာလဲပါသည်။သူတို့လမ်းလျှောက်လာစဉ် ပန်းချီခန်းရှေ့က အသံတစ်ခုကြားလိုက်ရသည်မို့ အားလုံးစိတ်ဝင်တစားနားထောင်မိသည်။

"ဟျောင့် အမေ မရှိတဲ့ကောင် ငါ့မေက ပြောတယ် မင်းမှာ အမေမရှိဘူးတဲ့"

"မင်းကလဲ မသိဘဲနဲ့ သူ့မှာ အမေ မရှိမှာပေါ့ သူ့ကို သူ့အဖေက ယောက်ျားကြီးဖြစ်ပြီး ဗိုက်ပူပြီး‌မွေးတာတဲ့ ချာမ အေးအေး ပြောတာငါကြားတယ်"

"ဟုတ်လား ဟား ဟား ဟား ဒါဆို သူက အခြောက်ကြီးက မွေးတဲ့ သားပေါ့ ဟား ဟား"

"ဟားဟား ဟားဟား"

"ဟျောင့် တွေ မင်း မင်း တို့ နော် ဖေ့ကို အဲ့လို အပြောနဲ့
ငါ့ ငါ့ မှာ ဖေရှိတယ် ငါ့ ဖေနဲ့ မင်းတို့ကို တိုင်မှာ"

"ဘာ မင်းအဖေ က ငါတို့ကို ဘာလုပ်မို့လဲ ရိုက်မှာလား ဟားဟား ဟား"

"အေးလေ မင်းတို့ Coffee ဆိုင်လေးက ငါ့အဖေပိုင်တဲ့ ကား ကုမ္ပဏီကို နိုင်အောင်ချနိုင်လို့လားကွ ညီလေးရ ဟားဟား ဟား "

"မင်း မင်း တို့ကောင်တွေ ငါ ချာမနဲ့ တိုင်မယ် ငါ့ထက်ကြီးတယ်ဆိုပြီး အနိုင်အကျင့်နဲ့နော် "

လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)Where stories live. Discover now